သူ့ရဲ့အခမဲ့ဆေးခန်းလေးဆီ အားကိုးတကြီးရောက်လာတဲ့မွေးလူနာကို အခက်အခဲတွေကြားကနေ ကြိုးကြိုးစားစားမွေးဖွားပေးလိုက်နိုင်တဲ့ ဆရာဝန်တစ်ဦး

//s9.kh1.co/05/0548c7c74de65e350d6f8e448cb5de37dced845d.jpeg
နေ့စဉ်သတင်းများ

 ၂၃-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

သူ့ရဲ့အခမဲ့ဆေးခန်းလေးဆီ အားကိုးတကြီးရောက်လာတဲ့မွေးလူနာကို အခက်အခဲတွေကြားကနေ ကြိုးကြိုးစားစားမွေးဖွားပေးလိုက်နိုင်တဲ့ ဆရာဝန်တစ်ဦး

ဒီကာလမှာတော့ ဆရာဝန်တွေကလည်း မိမိတို့တတ်ကျွမ်းထားတဲ့ပညာရပ်နဲ့ ပြည်သူတွေရဲ့အသက်ကို ကယ်တင်နေကြတာဖြစ်ပါတယ်။တချို့ဆရာဝန်တွေဆိုရင် ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းလေးတွေဖွင့်ပြီး လူတိုင်းကို စေတနာအပြည့်နဲ့ကုသပေးတာဖြစ်ပါတယ်။အခုဆိုရင်လည်း ကျန်းမာရေးအတွက် အခမဲ့ဆေးခန်းလေးဖွင့်ထားတဲ့ဆရာဝန်တစ်ဦးက အားကိုးတကြီးရောက်လာတဲ့မွေးလူနာတစ်ယောက်ကို မွေးဖွားပေးလိုက်တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

သူ့ရဲ့ဆေးခန်းကိုရောက်ရှိလာတဲ့ မွေးလူနာကတော့ သွေး၊ဆီးမစစ်ထားတဲ့အပြင် Ultrasound လည်းမရိုက်ထားတာဖြစ်ပါတယ်။သွေးပေါင်ချိန်တိုင်းကြည့်တော့လည်း 160/100 mmHg ဖြစ်နေတာကြောင့် ဆရာဝန်လည်းတခြားနေရာမှာသွားမွေးဖို့ပြောခဲ့သေးတာဖြစ်ပါတယ်။လူနာက "ဘယ်မှမသွားဘူး၊ဆရာ့ဆီမှာပဲမွေးပါရစေ" ဆိုပြီး တောင်းဆိုတာကြောင့် ဆရာဝန်ကလည်း မေတ္တာထားပြီး လူ့အသက်နှစ်ချောင်းကို ကယ်တင်ခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အနာဂတ်ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းလေးဆီ ရောက်လာတဲ့ လူနာတိုင်းကို ဆရာဝန်ကလည်းသေချာကုသပေးတာဖြစ်ပါတယ်။ဒါ့ကြောင့် အန္တရာယ်အခက်အခဲများစွာကြားကနေ ကလေးရော၊မိခင်အတွက်ပါ ကြိုးကြိုးစားစားနဲ့မွေးဖွားပေးလိုက်နိုင်တာဖြစ်ပါတယ်။အခုလိုမျိုး အလှူရှင်တွေရဲ့စေတနာအပြင် မိမိအိတ်ထဲမှစိုက်ထုတ်ပြီးကုသိုလ်ဖြစ်ဆေးခန်းလေးကို တည်ထောင်ထားကာ ရောက်ရှိလာတဲ့လူနာတိုင်းကို စေတနာနဲ့ကူညီပေးနေတဲ့ဆရာဝန်တစ်ဦးရဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T