သိပ်လိုချင်နေတဲ့ သေနတ်လေးကိုင်ပြီး တူတူတန်တန်တိုက်ပွဲဝင်မသွားနိုင်ဘဲ ကျဆုံးသွားတဲ့ သူရဲကောင်းလေးအတွက် ဖြေမဆည်နိုင်အာင် ဖြစ်နေရတဲ့ပြည်သူများ

//s9.kh1.co/d6/d6c517f4a9ad55ea1f27b7290b424d5aef8738f0.jpeg
နေ့စဉ်သတင်းများ

 ၂၃-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ပြီးခဲ့တဲ့ စက်တင်ဘာ (၂၀)ရက်နေ့ ကယားပြည်နယ်၊ ဒီးမော့ဆိုတိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ သူရဲကောင်း PDF ရဲဘော်လေး စိုင်းဘုန်းမင်းသန့်အတွက် ပြည်သူတွေမှာ ဝမ်းနည်းခံစားနေကြရပါတယ်။ စိုင်းဘုန်းမင်းသန့်ကတော့ မန္တလေးဆန္ဒပြပွဲတွေမှာ ဦးဆောင်သူတစ်ဦးဖြစ်သည့် စိုင်းဘုန်းမင်းသန့်ဖြစ်ပြီး ပညာတက်အင်ဂျင်နီယာလူငယ်လေးတစ်ယောက်လည်း ဖြစ်တာကြောင့် အားလုံးကနှမျောတသ ဖြစ်နေကြတာပါ။ 

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

အသက် (၂၀)ကျော်အရွယ် မန္တလေးစက်မှုလက်မှုသိပ္ပံကျောင်းသားလေး မောင်စိုင်းဘုန်းမင်းသန့်ဟာ စကစနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်နေတဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စိုင်းဘုန်းမင်းသန့်သည် မန္တလေးမြို့ ဆန္ဒပြပွဲများတွင် တက်ကြွစွာ ဦးဆောင်ပါဝင်လေ့ရှိသူဖြစ်ပြီး နောက်ပိုင်းမှာ ကယားပြည်နယ်ကို ထွက်ခွာပြီး လက်နက်ကိုင်တော်လှန်သူလည်း ဖြစ်ပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader

သိပ်လိုချင်နေတဲ့ သေနတ်လေးကိုင်ပြီး တူတူတန်တန်တိုက်ပွဲဝင်မသွားနိုင်ရှာဘဲ တူမီူသေနတ်လေးနဲ့ ကျဆုံးသွားတဲ့ သူရဲကောင်းလေးအတွက် ပြည်သူတွေက ဖြေမဆည်နိုင်အာင် ယူကြုံးမရဖြစ် စိတ်မကောင်းနေကြတာ ဖြစ်ပါတယ်။ စက်တင်ဘာ (၂၂)ကလည်း အပြင်းအထန် အကြမ်းဖက်ဖိနှိပ်မှုရှိနေတဲ့ကြားက မန္တလေးမြို့က ဆန္ဒပြပြည်သူတွေဟာ စိုင်းဘုန်းမင်းသန့်ဓာတ်ပုံ ကိုင်ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T