မွေးနေ့ပွဲလေးကို မိသားစုစုံလင်စွာ မကျင်းပနိုင်သေးတဲ့ လူမင်းရဲ့သမီးလေးအား မွေးနေ့ဆုမွန်ကောင်း တောင်းပေးလိုက်တဲ့ ခိုင်သင်းကြည်

//s9.kh1.co/db/db9cd83c57e1289fe0ccf44416c9613f0560d7bd.jpg
အနုပညာရှင်များ

 ၂၃-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

မွေးနေ့ပွဲလေးကို မိသားစုစုံလင်စွာ မကျင်းပနိုင်သေးတဲ့ လူမင်းရဲ့သမီးလေးအား မွေးနေ့ဆုမွန်ကောင်း တောင်းပေးလိုက်တဲ့ ခိုင်သင်းကြည်

ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင်လူမင်းကတော့ အနုပညာလောကမှာ အချိန်အတော်ကြာ ရပ်တည်ထားနိုင်သူဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးတိုက်ပွဲမှာ ရဲရဲရင့်ရင့်နဲ့ ပါဝင်ဆင်နွှဲခဲ့တဲ့ လူမင်းကတော့ ၅၀၅(က)နဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရသူဖြစ်ပါတယ်။ အကယ်ဒမီလူမင်းလိုပဲ ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ နာမည်ကြီးအနုပညာရှင်အချို့ဟာလည်း ဖမ်းဆီးခံထားရပါတယ်။

Photo Credit: khine thin kyi ' s facebook page
Photo Credit: khine thin kyi ' s facebook page
Photo Credit: khine thin kyi ' s facebook page
Photo Credit: khine thin kyi ' s facebook page

ယနေ့စက်တင်ဘာလ (၂၃)ရက်နေ့ကတော့ အကယ်ဒမီလူမင်းရဲ့ သမီးလေးဖြစ်တဲ့ ဧရာဝတီရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ခိုင်သင်းကြည်ကတော့ လူမင်းတို့မိသားစုလေးနဲ့ အချိန်အတော်ကြာ ခင်မင်ရင်းနှီးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်ကတော့ ယခုမှာ ဖခင်ဖြစ်သူဖမ်းဆီးထိန်းသိမ်းခံထားရလို့ မွေးနေ့ပွဲလေးကို မိသားစုစုံလင်စွာ ကျင်းပခွင့်မရတဲ့ လူမင်းရဲ့သမီးလေးအား မွေးနေ့ဆုမွန်ကောင်းလေး တောင်းပေးလာခဲ့ပါတယ်။

Photo Credit: khine thin kyi ' s facebook page
Photo Credit: khine thin kyi ' s facebook page
Photo Credit: khine thin kyi ' s facebook page
Photo Credit: khine thin kyi ' s facebook page

ခိုင်သင်းကြည်ကတော့ " Happy Birthday သမီးလေးဧရာဝတီ ဒီနှစ်မွေးနေ့လေးမှာ ဖေဖေနဲ့အတူမရှိနိုင်ပေမယ့် မိသားစုတွေပျော်ရွှင်စွာနဲ့ အမြန်ဆုံးပြန်ပြီးဆုံစည်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် " ဆိုပြီး ရေးသားထားပါတယ်။ ပြည်သူတွေကလည်း လူမင်းတို့မိသားစုလေး အမြန်ဆုံးပြန်လည်ဆုံတွေ့နိုင်ကြစေဖို့ ဆုတောင်းပေးမှုတွေ ပြုလုပ်နေကြပါတယ်။ အကယ်ဒမီလူမင်းတို့ မိသားစုလေးရဲ့ ပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : khine thin kyi ' s facebook page

Photo Credit: khine thin kyi ' s facebook page
Photo Credit: khine thin kyi ' s facebook page
Photo Credit: khine thin kyi ' s facebook page
Photo Credit: khine thin kyi ' s facebook page
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T