မြင်းမူကနေ မိုးရွာဘက်ကို မောင်းနှင်လာတဲ့ စစ်ကား(၂)စီးကို ခြုံခိုပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ PDF တွေရဲ့ ရုပ်သံဖိုင်

//s9.kh1.co/c5/c5c97924ffe9cfa84268515c5758ba945487e014.jpg
နေ့စဉ်သတင်းများ

 ၂၃-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော စစ်ကိုင်းတိုင်း၊ မကွေးတိုင်းက မြို့နယ်တချို့တွေမှာ အာဏာရှင်လူတစ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ် တွေအကြား ထိတွေတိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့ပါတယ်။ အဆိုပါ တိုက်ပွဲတွေမှာ နှစ်ဖက်တပ်တွေ အကျဆုံးရှိပြီး ဒေသခံပြည်သူအများအပြားလည်း ထွက်ပြေးတိမ်းရှောင် ခဲ့ရပါတယ်။ ဒါ့အပြင် ယခုရက်ပိုင်းတွင် ကျေးရွာတွေက နေအိမ်တချို့ မီးရှို့ဖျက်စီးခံရတာတွေလည်း ရှိလာခဲ့ပါတယ်။

Photo Credit - PDF
Photo Credit - PDF

မြို့ခံပြည်သူ့ကာကွယ်တပ်တွေကတော့ ၎င်းတို့ပိုင်တဲ့ ဆက်သွယ်ရေး တာဝါတိုင်များကိုလည်း မိုင်းဖောက်ခွဲ ဖျက်စီးတာတွေအပြင် နယ်မြေအတွင်း သွားလာတဲ့ စစ်ယာဥ်တန်းတွေကို မိုင်းဆွဲတိုက်ခိုက်တာတွေပါ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့မနက်ပိုင်းမှာလည်း စစ်ကား(၂)စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုပျံ့နှံ့လာခဲ့ပါတယ်။

Photo Credit - PDF
Photo Credit - PDF

ဒါကတော့ သံမဏိအဖွဲ့ဝင်၊ ခွန်ဆာဦးဆောင်သော ပျောက်ကြားတပ်ဖွဲ့နှင့် ချောင်းဦး PDF တို့က ယနေ့ (၂၃) ရက်နေ့ နံနက် (၇) နာရီ (၄၅) မိနစ်လောက်မှာ မြင်းမူမှ မုံရွာဘက်ကို မောင်းနှင်လာတဲ့ စစ်ကား(၂)စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါနေရာမှာ မိုင်း (၉) လုံးခွဲခဲ့တာဖြစ်ပြီး ကား(၂)စီးလုံး မိုင်းထိပျက်စီး သွားခဲ့ကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။ PDF တွေရဲ့ ခြုံခိုတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်လေးကို ပရိသတ်တွေလည်း ပြန်လည်ကြည့်ရှုလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - PDF

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T