မီးတောင်ပေါက်ကွဲရာကနေထွက်လာတဲ့ ချော်ရည်တွေကြောင့် ထောင်နဲ့ချီတဲ့ပြည်သူတွေ တိမ်းရှောင်နေရ

//s9.kh1.co/ad/ad17cf18df3e914510bbe0e9104d4449cd460db5.jpg
နေ့စဉ်သတင်းများ

 ၂၃-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ထဲက ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တဲ့ စပိန်နိုင်ငံ လာပယ်မာကျွန်းပေါ်က မီးတောင်ဟာ ဆက်လက်ပေါက်ကွဲနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ထိဆိုရင် မီးတောင်ပေါက်ကွဲတာဟာ ငါးရက်မြောက်ရှိလာပြီဖြစ်ပြီး ချော်ရည်ပူတွေက ဆက်လက်စီးဆင်းနေဆဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/b4/b42d0b5e8e2c4895584177e285c455a563d80441.jpg

လက်ရှိမှာဆိုရင်လည်း မီးတောင်ကထွက်လာတဲ့ ချော်ရည်တွေကြောင့် အိမ်ခြေ ၁၅၀ ကျော်ပျက်ဆီးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒါ့အပြင် မီးတောင်ပတ်ဝန်းကျင်မှာရှိတဲ့မြို့က ဒေသခံပြည်သူတွေကိုလည်း ဘေးလွတ်ရာရွှေ့ပြောင်းနေရပြီး လူပေါင်းထောင်နဲ့ချီအောင် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/b6/b65a0d7f66d684d552c6830647ff7eb20115f6db.jpeg

တာဝန်ရှိသူတွေအနေနဲ့လည်း အပျက်အဆီးတွေနည်းစေဖို့အတွက် ချော်ရည်တွေကိုလမ်းကြောင်းလွှဲဖို့ လုပ်ခဲ့ပေမယ့်လည်း သိပ်အရာမထင်ခဲ့ပါဘူး။

လက်ရှိမှာ ချော်ရည်တွေဟာ အတ္တလန္တိတ် သမုဒ္ဒရာဘက်ကို ဆီးစင်းနေပြီး သမုဒ္ဒရာထဲရောက်သွားပါက ပေါက်ကွဲမှုတွေနဲ့ အဆိပ်သင့် ဓာတ်ငွေ့တိမ်တိုက်တွေ ဖြစ်နိုင်ချေ ရှိပါတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=261,h=193,q=100/dd/dd24900b4e24e2c5bc943932618800a6fe674b0b.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/33/3309dcdfa2aa1990c8697c52c332e74f9d230744.jpg

သတင်း အရင်းအမြစ်Reuters

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T