အမှိုက်ပုံဘေးမှာ နေထိုင်ပြီး ဘဝကို ခက်ခဲစွာ ဖြတ်သန်းနေရတဲ့ အိမ်ထောင်စုတွေ အတွက် စားသောက်ကုန်များသွားရောက် လှူဒါန်းခဲ့တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/0f/0f3d8e0b83d0da61ff5c765609cbfc7aad443ccc.jpeg
နေ့စဉ်သတင်းများ

 ၂၃-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

......

မြန်မာလူမျိုးတွေကတော့ အရေးကြုံလာရင် လူမျိုးဘာသာမရွေးဘဲ ကူညီဖေးမကြတာ လေးစားစရာ စိတ်ဓာတ်တွေပါပဲ ။ လှူဒါန်းပေးကမ်းရာမှာလည်း သဒ္ဓါတရား ထက်သန်စွာ အရမ်းရက်ရောကြလို့ ကိုယ့်ရဲ့ အဆင်မပြေမှုတွေကိုတောင်မေ့လျော့ပြီး တစ်ပါးသူတွေအတွက် တတ်စွမ်းသလောက် ကူညီပေးနေကြတာပါ ။ 

Photo Credit : Original Uploader 
Photo Credit : Original Uploader 

ဒီလိုကာလတွေမှာလည်း အားလုံးက စည်းစည်းလုံးလုံးနဲ့ အရာရာကို ရင်ဆိုင် အားတင်းကာ ဖြတ်သန်းလျက်ရှိပါတယ် ။ ဒါ့အပြင် စေတနာ အလှူရှင်တွေက လူတန်းစားမရွေး တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးနေတာကြောင့် အဆင်မပြေကြသူတွေ အတွက်ကတော့ ကြည်နူးပီတိဖြစ်ရတဲ့ သတင်းကောင်းတွေပါပဲ ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

အခုလည်း ပြည်မြို့ တစ်နေရာမှာ ရှိတဲ့ အမှိုက်ပုံရဲ့ဘေးမှာ နေထိုင်ပြီး ဘဝတွေကို ခက်ခဲစွာ ရုန်းကန် ဖြတ်သန်းနေရတဲ့ အိမ်ထောင်စုတွေရဲ့ အဖြစ်ကို မကြည့်ရက်တာကြောင့် စာနာစိတ်နဲ့ ပြည်သူတစ်ဦးက စားသောက်ကုန်များကို ညတွင်းချင်း သွားရောက်လှူဒါန်းခဲ့ပါတယ် ။ နည်းသည် များသည် ပဓာနမထားဘဲ ပေးကမ်းလှူဒါန်းခြင်းက မွန်မြတ်လွန်းလို့ လက်ခံရရှိသူလည်း ပျော်ရွှင်ကြမှာပါ ။ ပရိသတ်ကြီးအတွက် ဒီအလှူပုံရိပ်လေးကို ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T