မိုင်းခွဲတိုက်ခိုက်ခံရလို့ ပြန်လည်ပြုပြင်ထားတဲ့ ရေးမြို့နယ်က Mytel တာဝါတိုင်ကို နောက်တစ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့တဲ့ YPDF အဖွဲ့ရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/53/53c304558cdd6e1da6589df66b465883a9fd9d81.jpg
နေ့စဉ်သတင်းများ

 ၂၃-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

မိုင်းခွဲတိုက်ခိုက်ခံရလို့ ပြန်လည်ပြုပြင်ထားတဲ့ ရေးမြို့နယ်က Mytel တာဝါတိုင်ကို နောက်တစ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့တဲ့ YPDF အဖွဲ့ရဲ့ဗီဒီယိုဖိုင်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာရှိတဲ့ ပြည်သူ့ရဲဘော်တွေက YPDF အမည်ဖြင့် ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ YPDF လူငယ်တွေက အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်လာခဲ့ကြတာ ဖြစ်ပါတယ် ။ လက်ရှိမှာဆိုရင် YPDF အဖွဲ့က အာဏာသိမ်းအစိုးရ ပိုင်ဆိုင်တဲ့ Mytel တာဝါတိုင်တွေကို ပစ်မှတ်ထားပြီး ဖောက်ခွဲရေးတွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ် ။

Photo Credit-Yae PDF's FB Page
Photo Credit-Yae PDF's FB Page
Photo Credit-Yae PDF's FB Page
Photo Credit-Yae PDF's FB Page

ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၂) ရက်နေ့၊ ည(၉)နာရီအချိန်ခန့်မှာတော့ မွန်ပြည်နယ်၊ရေးမြို့နယ်မှာရှိတဲ့ Mytel ဆက်သွယ်ရေးတာဝါတိုင်တစ်ခု ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ် ။ YPDF တပ်ဖွဲ့က ရေးမြောက်ပိုင်း ကနင်ကမော့ကျေးရွာအနီးရှိ Mytel တာဝါတိုင်ကို မီးရှို့ပြီးဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၃)လတုန်းက ဒီတာဝါတိုင်ကို YPDF က မိုင်းခွဲတိုက်ခိုက်ခဲ့သေးတာ ဖြစ်ပါတယ် ။

Photo Credit-Yae PDF's FB Page
Photo Credit-Yae PDF's FB Page
Photo Credit-Ye PDF's FB Page
Photo Credit-Ye PDF's FB Page

ဒါပေမဲ့ တစ်ဖက်အဖွဲ့က ဒီတာဝါတိုင်ကို ပြန်လည်ပြုပြုင်ခဲ့တာကြောင့် YPDF က နောက်တစ်ကြိမ်အဖြစ် ထပ်မံဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ် ။ ယခုစက်တင်ဘာလအတွင်းမှာတော့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF အနေနဲ့ Mytel တာဝါတိုင်တွေကို (၄) ကြိမ်တိုင်တိုင် ဖျက်ဆီးခြင်းပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားတာလည်း တွေ့ရပါတယ်။ ရေးမြို့နယ်၊ ကနင်ကမော့ကျေးရွာအနီးက Mytel တာဝါတိုင်ကို နောက်တစ်ကြိမ်မီးရှို့ခဲ့တဲ့ YPDF အဖွဲ့ရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Video Credit-Yae PDF's FB Page & Ye PDF's FB Page

Photo Credit-Yae PDF's FB Page
Photo Credit-Yae PDF's FB Page
Photo Credit-Ye PDF's FB Page
Photo Credit-Ye PDF's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T