တန့်ဆည်၊ ကျီးကုန်းရွာ မှာ နေအိမ်များမီးရှို့ခံရမှုကြောင့် ရွာသားများတချို့ ထွက်ပြေးနေရ

//s9.kh1.co/82/8244da5be31e655c9e6abf90a8ab0dfc2fec63e8.jpg
နေ့စဉ်သတင်းများ

 ၂၃-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

နေအိမ်တွေစွန့်ပြီးပြေးနေကြရတာ စိတ်မကောင်းဖြစ်လိုက်တာ..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကျီးကုန်းရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ ယနေ့ စက်တင်ဘာ(၂၃)ရက် ၊ နံနက် ၁၀ နာရီခန့်တွင် ကား (၂) စီးဖြင့် သေနတ်ဖောက်ဝင်ရောက်လာပြီး မြင်သမျှ ပစ်ခတ်ကာ ရွာအား မီးရှို့နေကြောင်း ကြားသိရပါတယ်။ယမန်နေ့ စက်တင်ဘာလ (၂၂) ရက်နေ့ညတွင်လည်း ကျီးကုန်းကျေးရွာမှာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ပျူစောထီးဟု သတ်မှတ်ခံထားရသူ ဦးရဲမြင့်၊ ဇနီးဖြစ်သူနှင့် ရဲတပ်ဖွဲ့ဝင်များဖြစ်သည့် သမီး (၂)ဦး အသတ်ခံခဲ့ရ​တယ်လို့ သိရပါတယ်။

Photo Credit From Ko Thet
Photo Credit From Ko Thet
Photo Credit From Ko Thet
Photo Credit From Ko Thet

" ဒီနေ့မနက် ၁၀ နာရီ လောက်မှာ ရွာကို ဝင်လာတာ၊ စပါးတင်တဲ့ ကားတွေနဲ့၊ ကျနော်တို့က အဝေးကနေပဲ မြင်ရတာ၊ ရွာသားတွေအကုန် ထွက်ပြေးနေရပြီ။ အိမ်တွေ မီးရှို့ခံနေရတယ်။ ကျနော်တို့လည်း ပြေးလာရတော့ ဘယ်သူအဖမ်းခံရတယ်၊ အိမ်ဘယ်နှစ်လုံး မီးလောင်လဲ အတိအကျ မသိသေးဘူး" ဟု ဒေသခံတစ်ဦးမှလည်းပြောဆိုထားပါတယ်။ဒါ့အပြင် "မနေ့ညက ရွာမှာ ပစ်ခတ်မှုဖြစ်တယ်၊ သေနတ်သံတွေ အရမ်းကျယ်တော့ ရွာသားတွေ ပြေးကြတာ။ ဦးရဲမြင့် အိမ်ကို လာပစ်ကြတာ၊ သူရဲ့ သမီး ၂ ယောက်ရော၊ သားမက်ရော ရဲတွေ၊ သားမက်က ကံထူးမက ရဲတပ်ဖွဲ့ဝင်ပဲ။ အိမ်မီးလောင်ပြီး ဦးရဲမြင့်၊ သူ့မိန်းမနဲ့ သမီး ၂ ယောက် အသတ်ခံလိုက်ရတယ်၊( ၃) နှစ် ကလေး (၁) ယောက်လည်း ပါတယ်ကြားတယ်"ဟု ထပ်မံဖြည့်စွက်ပြောကြားခဲ့ပါတယ်။

Photo Credit From Ko Thet
Photo Credit From Ko Thet
Photo Credit From Ko Thet
Photo Credit From Ko Thet

ယနေ့နံနက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ပါတယ်။ဒါ့အပြင် ရွာအား မီးရှို့မှုများဟာလည်း ယမန်ည ဖြစ်စဉ်နှင့် သက်ဆိုင်နေကြောင်း နှင့် ရွာသားအားလုံး ထွက်ပြေးနေရကြောင်း ရွာသားတစ်ဦးမှ ပြောဆိုခဲ့ပါတယ်။

Photo Credit From Ko Thet
Photo Credit From Ko Thet
Photo Credit From Ko Thet
Photo Credit From Ko Thet
Photo Credit From Ko Thet
Photo Credit From Ko Thet
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T