ထိုင်းမင်းသမီးချောလေးဖြစ်တဲ့ Bow Maylada Susri ကတော့ "London Sweeties" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပရိသတ်တွေကြားအရမ်းရေပန်းစားလာတာဖြစ်ပါတယ်။ဇာတ်ကားထဲမှာ သူမရဲ့သရုပ်ဆောင်ပုံစံတွေနဲ့ "အိုးခိုင်မော့" ဆိုတဲ့ အာမေဋိတ်သံကြောင့် ပရိသတ်တွေကအရမ်းချစ်သွားကြတာဖြစ်ပါတယ်။Bow ကတော့ အဆိုတော်၊သရုပ်ဆောင်၊မော်ဒယ်လ်အပြင် အစီအစဉ်တင်ဆက်သူတစ်ယောက်အနေနဲ့လည်း လုပ်ကိုင်တာဖြစ်ပါတယ်။
အသက် (၈)နှစ်ကတည်းက အနုပညာလောကထဲကိုဝင်ရောက်လာခဲ့တဲ့ Bow ကတော့ အခုဆိုရင် (၂၅)နှစ်အရွယ်ရှိနေပြီး မိန်းမလှလေးတစ်ယောက်ပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့နာမည်ကြီးရုပ်သံလိုင်းဖြစ်တဲ့ (Channel 7) နဲ့အတူလက်တွဲလုပ်ကိုင်ရင်း သရုပ်ဆောင်ထူးချွန်ဆုတွေလည်းရရှိခဲ့တာဖြစ်ပါတယ်။အခုချိန်ထိလည်း သူမကအနုပညာအလုပ်တွေလုပ်ကိုင်လျက်ရှိပြီး ဘဝကိုပေါ့ပေါ့ပါးပါးဖြတ်သန်းနေရင်း ပရိသတ်အများအပြားရဲ့ချစ်ခင်အားပေးမှုကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
မနေ့ကဆိုရင်တော့ Bow က ထိုင်းအနုပညာရှင် Lisa ကြိုက်နှစ်သက်တဲ့ လုချင်းအသားလုံးတွေကို ဝယ်စားခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် Lisa ရဲ့ "LALISA" သီချင်းကိုလည်း သီဆိုလိုက်သေးတာဖြစ်ပါတယ်။သူမကတော့ သီချင်းကိုအဆုံးထိမရတာကြောင့် ရသလောက်ပဲဆိုပြီး ချစ်စဖွယ်အမူအရာလေးနဲ့အတူ "မရတော့ဘူး"လို့ ပြောခဲ့တာဖြစ်ပါတယ်။မင်းသမီးချောလေး Bow ကလည်း Lisa ကိုအားပေးတဲ့ပရိသတ်တစ်ယောက်ဖြစ်ကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Video Credit:Bow Maylada’s IG Acc
(ဗီဒီယိုဖိုင် ကြည့်ရူရန်အတွက် အောက်ပါလင့်ကို Copyလုပ်ပြီး openကိုနှိပ်၍ facebookနှိပ်ကာ ဖွင့်ပါ)
https://www.facebook.com/106559704436097/videos/867100240613406/