ညပိုင်းမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့လို့ နေအိမ်တချို့ ထိမှန်ပျက်စီးသွားခဲ့ရတဲ့ မင်းတပ်မြို့က လက်ရှိအခြေအနေ

//s9.kh1.co/10/102706ca7fb1bf679f4c820b44d05ab47e4b2fdb.jpg
နေ့စဉ်သတင်းများ

 ၂၃-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမှာ အာဏာရှင်လူတစ်စုဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်မှုတွေပြုလုပ်လာတာကြောင့် ချင်းပြည်နယ် မင်းတပ်မြို့မှာ တစ်ကျော့ပြန် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့ပါတယ်။ ဒီလိုတိုက်ပွဲတွေကြောင့် တချို့နေအိမ်များ လက်နက်ကြီးထိမှန်ပြီး ပျက်စီးဆုံးရှုံးတာတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူတွေလည်း တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရပါတယ်။

https://s9.kh1.co/__image/w=600,h=281,q=100/74/742a479102545dbd9abed01172fdcf1f13d49634.jpg
https://s9.kh1.co/__image/w=600,h=281,q=100/28/28890b56552ef44a171011cbe49d41df53181476.jpg

မင်းတပ်မြို့ဟာ ပြီးခဲ့တဲ့ လပိုင်းလောက်က စစ်အုပ်ချုပ်ရေး မာရှာလ်လောထုတ်ခံထားရတဲ့ မြို့လေးပဲ ဖြစ်ပါတယ်။ လက်ရှိမှာ အာဏာရှင်လူတစ်စုဘက်က မြို့အတွင်းမှာ လုံခြုံရေးတင်ကျပ်စွာချပြီး ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်တာကို ​တွေ့ရပါတယ်။ ယမန်နေ့ ညပိုင်းကလည်း မင်းတပ်မြို့ပေါ်ကို လူတစ်စုဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit - HKL Mindat
Photo Credit - HKL Mindat
Photo Credit - HKL Mindat
Photo Credit - HKL Mindat

အဆိုပါ ရမ်းသန်းပစ်ခတ်မှုကြောင့် မြို့ပေါ်က နေအိမ်တချို့ ထိမှန်ခဲ့ပျက်စီးသွားခဲ့ရကြောင်း သိရပါတယ်။ လူထိခိုက်မှုမရှိခဲ့ပေမယ့် ထိမှန်ခဲ့တဲ့ နေအိမ်တွေကတော့ ရစရာမရှိအောင်ပျက်စီးသွားခဲ့တာကို မြင်တွေ့ရပါတယ်။ ပျက်စီးသွားခဲ့တဲ့ နေအိမ်များကို ပြန်လည်ဖော်ပြပေးရင်း မင်းတပ်မြို့က ပြည်သူတွေအတွက် ဘေးအန္တရယ် ကင်းရှင်းအောင် ပရိသတ်တွေက ဝိုင်းဝန်းဆုတောင်းပေးကြပါဦးနော်..။

https://s9.kh1.co/__image/w=600,h=1280,q=100/9c/9cec1c2adfbcb813c6c79416a6cafd07a5d30565.jpg
Photo Credit - HKL Mindat
Photo Credit - HKL Mindat

သတင်း အရင်းအမြစ်Source - HKL Mindat

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T