ကိုဗစ်ကြောင့် စားဝတ်နေရေးခက်ခဲနေတဲ့ပြည်သူတွေ အခမဲ့စားသောက်နိုင်အောင် Food Box တွေကိုစီစဉ်ထားပေးတဲ့ ကျောက်ဖြူမြို့ကစေတနာရှင်များ

//s9.kh1.co/0c/0ccf1b7c3e162f5c1153f077a2e53fd3f7291eb0.jpeg
နေ့စဉ်သတင်းများ

 ၂၃-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ကိုဗစ်ကြောင့် စားဝတ်နေရေးခက်ခဲနေတဲ့ပြည်သူတွေ အခမဲ့စားသောက်နိုင်အောင် Food Box တွေကိုစီစဉ်ထားပေးတဲ့ ကျောက်ဖြူမြို့ကစေတနာရှင်များ

ကိုဗစ်ကာလမှာတော့ ပြည်သူလူထုလည်း စီးပွါးရေးတွေကြပ်တည်းနေတာကြောင့် စုဆောင်းထားတာနဲ့သာ ခြိုးခြံချွေတာပြီးစားသောက်နေရတာဖြစ်ပါတယ်။သို့သော်လည်း မိမိတို့ထက်ပိုခက်ခဲနေကြတဲ့ ပြည်သူတွေကို ပြည်သူတွေကပဲ တတ်နိုင်သလောက်ဖေးမကူညီပေးနေကြတာဖြစ်ပါတယ်။လက်ရှိမှာဆိုရင် မြန်မာနိုင်ငံအတွင်းမှာ ကိုဗစ်ကူးစက်ရောဂါမကင်းစင်သေးပေမယ့် သေဆုံးသူနဲ့ရောဂါကူးစက်ခံရသူ လူဦးရေနည်းပါးလာပြီဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကိုဗစ်နဲ့ပြည်တွင်းရေးအခြေအနေကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း နည်းပါးနေတဲ့အချိန် အခြေခံပြည်သူလူထုလည်း စားဝတ်နေရေးအတွက်ရုန်းကန်နေရတာဖြစ်ပါတယ်။ကျောက်ဖြူမြို့မှာတော့ စားဝတ်နေရေးခက်ခဲသူများအတွက်ရည်ရွယ်ပြီး Food Box တွေထားပေးထားကြတာဖြစ်ပါတယ်။အဲ့ဒီအစီအစဉ်ကိုတော့"ကျောက်ဖြူ Food Box" လို့ နာမည်ပေးထားတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

လတ်တလောမှာတော့ ကျောက်ဖြူမြို့အလယ်ပိုင်းနဲ့ အနောက်ပိုင်းရှိလမ်းမများတွင် Food Box တချို့ကိုစက်တင်ဘာလ (၁၅)ရက်နေ့မှစတင်ပြီး ထားပေးခဲ့တာဖြစ်ပါတယ်။Food Box ထဲတွင် မုန့်မျိုးစုံ၊အအေးဘူး၊ရေသန့်တို့ ထားရှိပေးထားတာဖြစ်ပါတယ်။လိုအပ်သူတိုင်းဘယ်သူမဆို အခမဲ့ယူနိုင်ဖို့အတွက် တစ်မြို့လုံးအနှံ့ Food Box တွေထားပေးနိုင်ဖို့ကိုလည်း ကျောက်ဖြူမြို့ကစေတနာရှင်ပြည်သူတွေက ကြိုးစားနေကြကြောင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T