အလှူရှင်တွေက ဆန်လာဝေပေးတာကြောင့် စျေးရှေ့ကို အသီးသီးရောက်လာပြီး စီတန်းစောင့်ဆိုင်းနေကြတဲ့ မင်းတပ်မြို့နေ ပြည်သူတွေရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/b9/b9ee7634f2cedd7ab1e4214c9f9e7875c64155f1.jpg
နေ့စဉ်သတင်းများ

 ၂၃-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အလှူရှင်တွေက ဆန်လာဝေပေးတာကြောင့် စျေးရှေ့ကို အသီးသီးရောက်လာပြီး စီတန်းစောင့်ဆိုင်းနေကြတဲ့ မင်းတပ်မြို့နေ ပြည်သူတွေရဲ့ဗီဒီယိုဖိုင်

အာဏာသိမ်းကာလစတင်ပြီး မကြာခင်မှာပဲ ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လက်နက်ကြီးတွေနဲ့ အကြိမ်ကြိမ်ဖြိုခွင်းခံခဲ့ရတာ ဖြစ်ပါတယ် ။ မနေ့ညကဆိုရင်လည်း ပြည်သူတွေရဲ့နေအိမ်တွေအပေါ်ကို လက်နက်ကြီးကျမှန်ခဲ့တာကြောင့် တော်တော်များများ ပျက်စီးသွားခဲ့တာလည်း ဖြစ်ပါတယ် ။ ဒါကြောင့် မင်းတပ်မြို့ရဲ့အခြေအနေက ယခုအချိန်အထိတိုင်အောင် မတည်ငြိမ်သေးတဲ့အနေအထားရှိနေတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

မင်းတပ်မြို့က ပြည်သူတွေထဲမှာတော့ နေအိမ်တွေကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေရှိသလို အခုထိ တောထဲတောင်ထဲမှာ ပုန်းရှောင်နေရတဲ့ ပြည်သူတွေလည်း ရှိနေတာ ဖြစ်ပါတယ် ။ အရင်လို အေးချမ်းသာယာခြင်းမရှိတော့တဲ့ မင်းတပ်မြို့မှာတော့ ပြည်သူတွေက အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ် ။ ဒီနေ့မှာလည်း မင်းတပ်မြို့မှာ အလှူရှင်တစ်ချို့က ဆန်လာဝေပေးနေတာကြောင့် ပြည်သူတွေက လာရောက်တန်းစီပြီး စောင့်ဆိုင်းခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

မင်းတပ်မြို့ရှိ စည်ပင်စျေးအရှေ့မှာ ကားနဲ့ဆန်ဝေပေးခဲ့တာဖြစ်ပြီး ပြည်သူတွေအများအပြား လာရောက်ခဲ့ကြတာ ဖြစ်ပါတယ် ။ ယနေ့မနက်ပိုင်း၊ မင်းတပ်မြို့မှာ ဆန်ဝေပေးနေတဲ့မြင်ကွင်းကိုတော့ မင်းတပ်မြို့နေ ပြည်သူတစ်ဦးက ဗီဒီယိုရိုက်ကာ မျှဝေထားတာပဲ ဖြစ်ပါတယ် ။ အလှူရှင်တွေ ဆန်လာဝေပေးတာကို လာရောက်တန်းစီပြီး စောင့်နေကြတဲ့ မင်းတပ်မြို့က ပြည်သူတွေရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Video Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T