အိမ်ခြေ (၁၀၀)နီးပါးပျက်စီးဆုံးရှုံးပြီး ပြည်သူတွေအသက်ဘေးရင်ဆိုင်နေရတဲ့ စပိန်နိုင်ငံ မီးတောင်ပေါက်ကွဲမှု ဗီဒီယို

//s9.kh1.co/d0/d05925d98215b1bc0729c0252607f4c733d696c5.jpeg
နေ့စဉ်သတင်းများ

 ၂၃-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

ပြီးခဲ့တဲ့ရက်ပိုင်းက စပိန်နိုင်ငံကန်နာရီကျွန်းစုမှာ မီးတောင်ပေါက်ကွဲမှုဖြစ်ပြီး ပြည်သူတွေမှာ စိုးရိမ်ထိတ်လန့်မှာတွေနဲ့ အလန့်တကြားဖြစ်ပွားခဲ့ကြရပါတယ်။ မီးတောင်ပေါက်ကွဲမှုဖြစ်ပြီး နောက်တစ်ရက်မှာ ချော်ရည်တွေ တစ်ဟုန်ထိုး စီးဆင်းလာတာကြောင့် အိမ်ခြေပေါင်း (၁၀၀)နီးပါး ပျက်စီးရသလို ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ရှောင်နေကြရတယ်လို့ သိရပါတယ်။ 

Photo Credit - ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ Fb Page
Photo Credit - ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ Fb Page

လူပေါင်း (၅၅၀၀)ကျော်ကိုလည်း အဲဒီ ဧရိယာကနေ ထွက်ခွာကြဖို့ အတင်းအကြပ် အမိန့်ပေးထားကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ လာမယ်မာကျွန်းပေါ်က ကမ်ဘရီ ဗီဂျားမီးတောင်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး ကောင်းကင်ထဲ မီးခိုးလုံးမည်းတွေ လွင့်တက်နေခဲ့ကာ ပွင့်ထွက်လာတဲ့ ချော်ရည်ပူတွေကလည်း တောင်စောင်းတစ်လျှောက် စီးဆင်းလာခဲ့တာ ဖြစ်ပါတယ်။ 

Photo Credit - ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ Fb Page
Photo Credit - ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ Fb Page
Photo Credit - ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ Fb Page
Photo Credit - ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ Fb Page

​အိုးအိမ်တွေ ပျက်စီးခဲ့ကြရတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလို အသက်ဘေးအတွက်လည်း ကြိုးစားရှောင်ပြေးနေကြရတာ ဖြစ်ပါတယ်။ အဆိုပါမီးတောင်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူတွေအတွက် ဘေးကင်းကြစေဖို့ မျှော်လင့်ကာ အားလုံးကလည်း ဆုတောင်းမေတ္တာတွေ ပို့ထားကြတာ တွေ့ရပါတယ်။ 

Photo Credit - ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ Fb Page
Photo Credit - ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ Fb Page

သတင်း အရင်းအမြစ်ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ Fb Page


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T