မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေများလျှံတက်လာလို့ ညပိုင်းအထိ လမ်းမှာပိတ်မိခဲ့ရတဲ့ ပုပ္ပါးတောင် ဘိုးတော်ထွက်ပွဲလာသူ‌တွေရဲ့ အဖြစ်

//s9.kh1.co/0e/0eba50078f13cc84666ff9b1ef5a1775c74b6c0d.jpg
နေ့စဉ်သတင်းများ

 ၂၃-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေများလျှံတက်လာလို့ ညပိုင်းအထိ လမ်းမှာပိတ်မိခဲ့ရတဲ့ ပုပ္ပါးတောင် ဘိုးတော်ထွက်ပွဲလာသူ‌တွေရဲ့ အဖြစ်

လတ်တလော မြန်မာနိုင်ငံရဲ့ နေရာဒေသတော်တော်များများမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေလည်း ပိုမိုဖြစ်ပွားလာတာ တွေ့ရပါတယ်။ မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အရှေ့လေပွေလှိုင်းများ နှင့် မှတ်သုံလေဆုတ်ခွာမှုတို့ကြောင့် မြန်မာနိုင်ငံရဲ့ တောင်ပိုင်းဒေသနဲ့ အလယ်ပိုင်းဒေသတွေမှာ စတင်ဘာလ (၂၁)ရက်ကနေ (၂၇)ရက်နေ့အထိ မိုးပိုများမည်ဖြစ်ကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီလို မိုးရွာသွန်းမှုကြောင့် တချို့မြို့နယ်တွေမှာ လူနေအိမ်များ နစ်မြုပ်နေတဲ့အထိ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

Photo Credit - Myaelatt Athan
Photo Credit - Myaelatt Athan
Photo Credit - Myaelatt Athan
Photo Credit - Myaelatt Athan

တချို့မြို့နယ်တွေမှာဆိုရင် လမ်းမပေါ်တွေအထိ ရေများလျှံတက်နေတာကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ခဲ့ရပြီး ခရီးသွားပြည်သူများ အခက်တွေ့နေရပါတယ်။ စတင်ဘာလ (၂၃)ရက်နေ့ကလည်း မန္တလေးတိုင်းအတွင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်ပန်းတောင်းနဲ့ ပုပ္ပါးကြားက ဆည်ပေါက်ချောင်း‌ရေကြီးပြီး လမ်းမပေါ်ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

Photo Credit - Myaelatt Athan
Photo Credit - Myaelatt Athan

အဆိုပါ လမ်းပေါ်ရေလျှံမှုကြောင့် ပုပ္ပါးတောင် ဘိုးတော်ထွက်ပွဲလာသူ‌တွေဟာ လမ်းမှာပိတ်မိ နေခဲ့တယ်လို့ သိရပါတယ်။ ရုပ်ပုံတွေထဲမှာတော့ ချောင်းရေများဟာ လမ်းမပေါ်ကို ရေစီးအားပြင်းပြင်းနဲ့ လျှံတက်လာတာ တွေ့ရပါတယ်။ ချောင်းရေလျှံတက်မှုဟာ ညနေ (၃)နာရီ ခွဲလောက်ကနေ စတင်တာဖြစ်ပြီး ညပိုင်းအထိတောင် သွားလာလို့မရကြောင်း သိရပါတယ်။

Photo Credit - Myaelatt Athan
Photo Credit - Myaelatt Athan
Photo Credit - Myaelatt Athan
Photo Credit - Myaelatt Athan

သတင်း အရင်းအမြစ်Source - Myaelatt Athan

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T