သီလ၊သမာဓိနဲ့ပြည့်စုံပြီး လူအများအပြားကကြည်ညိုလေးစားရတဲ့ မိုင်းဖုန်းဆရာတော်ဘုရားကြီးရဲ့ ရဟန်းပျိုဘဝက ရှားပါးပုံရိပ်များ

//s9.kh1.co/75/7584ba7106590c969a8cf358dbbccb2a2dbcbeaa.jpeg
နေ့စဉ်သတင်းများ

 ၂၃-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

သီလ၊သမာဓိနဲ့ပြည့်စုံပြီး လူအများအပြားကကြည်ညိုလေးစားရတဲ့ မိုင်းဖုန်းဆရာတော်ဘုရားကြီးရဲ့ ရဟန်းပျိုဘဝက ရှားပါးပုံရိပ်များ

ဗုဒ္ဓသာသနာထွန်းကားကျယ်ပြန့်တဲ့ မြန်မာပြည်တွင်းမှာဆိုရင် သီလ၊သမာဓိနဲ့ပြည့်စုံတဲ့ ရဟန်း၊သံဃာတော်တွေလည်း များစွာရှိပါတယ်။မိုင်းဖုန်းဆရာတော်ဘုရားကြီးဆိုရင်လည်း ထိုင်း၊မြန်မာ၊လာအို နဲ့ဘူတန်နိုင်ငံတွေကသာသနာဆိုင်ရာ ဘွဲ့တံဆိပ်တွေချီးမြှင့်ခြင်းတွေရရှိခဲ့ပြီး လူအများကကြည်ညိုလေးစားကြတာဖြစ်ပါတယ်။မိုင်းဖုန်းဆရာတော်မွေးဖွားချိန်ကလည်း အချိန်အခါမဟုတ်ဘဲ မိုးတွေအဆက်အပြတ်ရွာခဲ့တယ်လို့သိရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မိုင်းဖုန်းဆရာတော်က (၁၁)နှစ်သားအရွယ်ကတည်းက သာမဏေဘောင်သို့ဝင်ခဲ့ပြီး ကိုရင်ငယ်ဘဝမှာလည်းအရွယ်နဲ့မလိုက်အောင် တရားဘာဝနာတွေပွါးများအားထုတ်ခဲ့တာဖြစ်ပါတယ်။ကိုရင်အဖြစ်နဲ့လည်း ဒါယကာ၊ဒါယိကာမတွေလှူဒါန်းကြတဲ့ ဥစ္စာပစ္စည်းတွေကိုလည်း တွယ်တာခြင်းမရှိဘဲ ပြန်လည်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ငယ်စဉ်ကတည်းက ဝါတွင်းသုံးလပတ်လုံး ဂူအောင်းပြီး တရားကျင့်ကြံခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဆရာတော်ဘုရားက အမြဲတမ်းလိုလို ဂူအောင်းတရားကျင့်လေ့ရှိပြီး အခက်အခဲမျိုးစုံကိုလည်း ရင်ဆိုင်ကျော်ဖြတ်လာခဲ့တာဖြစ်ပါတယ်။(၁၁)နှစ်သားကတည်းက ဘုရားသားတော်အဖြစ် သာသနာပြုပြီး လူသားတွေကိုကယ်တင်စောင့်ရှောက်ခဲ့တာ အခုချိန်ထိပဲဖြစ်ပါတယ်။သီလ၊သမာဓိ၊ဉာဏ်ပညာနဲ့ပြည့်စုံပြီး လူအများအပြားကိုးကွယ်ကြည်ညိုရတဲ့ မိုင်းဖုန်းဆရာတော်ရဲ့ ရဟန်းပျိုဘဝကပုံရိပ်တချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T