အခုချိန်အထိ သေသလားရှင်သလား မသိရသေးတဲ့ ကယားလူငယ်လေးရဲ့မိ‌ဘနှစ်ပါးဆီကနေ ထွက်ပေါ်လာတဲ့ ရင်တွင်းစကားသံတစ်ချို့

//s9.kh1.co/16/16f7df2f2568ee1dc25681908878e2f8cf5d8b94.jpg
နေ့စဉ်သတင်းများ

 ၂၃-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

အခုချိန်အထိ သေသလားရှင်သလား မသိရသေးတဲ့ ကယားလူငယ်လေးရဲ့မိ‌ဘနှစ်ပါးဆီကနေ ထွက်ပေါ်လာတဲ့ ရင်တွင်းစကားသံတစ်ချို့

လက်သုံးချောင်းထောင်ပြီး သူတို့ရဲ့ခံယူချက်ကို ရဲရင့်စွာပြသခဲ့တဲ့ ကယားလူငယ်လေးနှစ်ဦးရဲ့ပုံရိပ်တွေက လူမှုကွန်ယက်စာမျက်နှာတွေမှာ တော်တော်ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ် ။ ဖမ်းဆီးခံထားရပြီး ကြိုးတုတ်ခံထားတဲ့ အနေအထားနဲ့တောင် လက်သုံးချောင်းထောင်ပြခဲ့တဲ့ လူငယ်နှစ်ဦးကတော့ ပါစကွားလယ်နဲ့ ဖီးဒေးလယ်တို့ပဲ ဖြစ်ကြပါတယ်။ သူတို့ရဲ့ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပေမယ့် သူတို့အသက်ရှင်သလား သေသလားဆိုတာကိုတော့ အခုချိန်အထိ အတိအကျ မသိရသေးတာ ဖြစ်ပါတယ် ။

Photo Credit-Khun Aung Zay Ya's FB Acc
Photo Credit-Khun Aung Zay Ya's FB Acc
Photo Credit-Khun Aung Zay Ya's FB Acc
Photo Credit-Khun Aung Zay Ya's FB Acc
Photo Credit-Khun Aung Zay Ya's FB Acc
Photo Credit-Khun Aung Zay Ya's FB Acc

စေတနာရှင်ပြည်သူတွေကတော့ ကျန်ရစ်ခဲ့တဲ့ ပါစကွားလယ်နဲ့ဖီးဒေးလယ်တို့ရဲ့မိသားစုတွေနဲ့ သွားရောက်တွေ့ဆုံပြီး သူတို့ကိုကူညီပေးဖို့ အလှူငွေတွေ ကောက်ခံခဲ့ကြတာ ဖြစ်ပါတယ် ။ စေတနာရှင်တစ်ဦးရဲ့အကူအညီကြောင့် အခုဆိုရင် ပါစကွားလယ်နဲ့ဖီးဒေးလယ်တို့ရဲ့မိသားစုတွေအတွက် အလှူငွေ (၄၃)သိန်းကျပ် ရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကူညီဆောင်ရွက်ပေးတဲ့သူက ပါစကွားလယ်ရဲ့ကျန်ရှိတဲ့မိသားစုအတွက် (၁၅) သိန်းနဲ့ ဖီးဒေးလယ်ရဲ့ကျန်ရှိတဲ့မိသားစုအတွက် (၁၅) သိန်းစီ ငွေသားထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Khun Aung Zay Ya's FB Acc
Photo Credit-Khun Aung Zay Ya's FB Acc
Photo Credit-Khun Aung Zay Ya's FB Acc
Photo Credit-Khun Aung Zay Ya's FB Acc
Photo Credit-Khun Aung Zay Ya's FB Acc
Photo Credit-Khun Aung Zay Ya's FB Acc

လက်ရှိမှာတော့ စစ်ဘေးရှောင်နေရတဲ့ ပါစကွားလယ်နဲ့ဖီးဒေးလယ်တို့ရဲ့မိသားစုတွေအတွက် စားနပ်ရိက္ခာ (၆) သိန်းဖိုးဝယ်ယူပြီး ပေးအပ်ထောက်ပံ့ခဲ့တယ်လို့လည်း သိရှိရပါတယ်။ လတ်တလော အခြေအနေတွေအရ ပါစကွားလယ်ရဲ့မိသားစုထံသာ ရောက်ရှိနိုင်ပြီး နယ်မြေအခြေအတွေကြောင့် ဖီးဒေးလယ်အတွက် ကိုယ်စားသာ လက်ခံနိုင်သေးတာ ဖြစ်ပါတယ် ။ အလှူငွေတွေ လက်ခံရရှိခဲ့တဲ့ ပါစကွားလယ်ရဲ့မိဘနှစ်ပါးကတော့ သူတို့ကိုကူညီလှူဒါန်းပေးတဲ့ စေတနာရှင်တွေကို ရင်ထဲကနေလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကားဆိုခဲ့ကြတာ ဖြစ်ပါတယ် ။ ကျန်ရစ်ခဲ့တဲ့ ပါစကွားလယ်မိဘနှစ်ပါးရဲ့ဗီဒီယိုဖိုင်ကို ဖော်ပြပေးလိုက်ပါတယ်။

Source & Video Credit-Khun Aung Zay Ya's FB Acc

Photo Credit-Khun Aung Zay Ya's FB Acc
Photo Credit-Khun Aung Zay Ya's FB Acc
Photo Credit-Khun Aung Zay Ya's FB Acc
Photo Credit-Khun Aung Zay Ya's FB Acc
Photo Credit-Khun Aung Zay Ya's FB Acc
Photo Credit-Khun Aung Zay Ya's FB Acc
Photo Credit-Khun Aung Zay Ya's FB Acc
Photo Credit-Khun Aung Zay Ya's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T