အင်ဒိုနီးရှား နဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုအတွင်း မြန်မာ့အရေးထည့်သွင်းဆွေးနွေး

//s9.kh1.co/d3/d3c8f5de4fbc9145a2e7cb5c62d778de9f080a00.jpg
နေ့စဉ်သတင်းများ

 ၂၃-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

မြန်မာနိုင်ငံရေး ဖြေရှင်းရာမှာ အင်ဒိုနီးရှားနိုင်ငံက တက်ကြွစွာ ပါဝင်နေမှုကို ထောက်ခံပါကြောင်း

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီ နဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး မေဗလု ကတ်ဗူဆိုလူ တို့ဟာ နယူးယော့ခ်မှာ တွေ့ဆုံခဲ့မှုအတွင်း မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ  (၇၆)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးပြုလုပ်တဲ့ စက်တင်ဘာလ (၁၉) ရက်မှာ တူရကီနဲ့ အင်ဒိုနီးရှားနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးတို့ သီးသန့်တွေ့ဆုံခဲ့ကြကြောင်းကို စက်တင်ဘာလ (၂၁) ရက်မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

Photo Credit : Antara news
Photo Credit : Antara news

မြန်မာနိုင်ငံရေး အကျပ်အတည်းနဲ့ပတ်သက်ပြီး ဖြေရှင်းရာမှာ အင်ဒိုနီးရှားနိုင်ငံက တက်ကြွစွာ ပါဝင်နေမှုကို ကျေးဇူးတင်ရှိကြောင်းနဲ့ ထောက်ခံပါကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မေဗလု ကတ်ဗူဆိုလူ က ပြောကြားခဲ့ပါတယ်။

Photo Credit : Daily Sabah
Photo Credit : Daily Sabah

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့  ထုတ်ပြန်ချက်မှာတော့ Covid 19 ကြောင့် လူသားချင်းဆိုင်ရာ အကျပ်အတည်း ပိုမိုဆိုးရွားလာတဲ့ကိစ္စကိုလည်း ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေကို ကယ်တင်နိုင်ဖို့ လူသားချင်းစာနာထောက်ထားမှု အကူအညီအထောက်အပံ့တွေ ပိုတိုးပေးသင့်ကြောင်း ဖော်ပြခဲ့ပါတယ်။

Photo Credit : Daily Sabah
Photo Credit : Daily Sabah

ဝန်ကြီး နှစ်ဦးတွေ့ဆုံမှုအတွင်း တူရကီ နဲ့ အင်ဒိုနီးရှားနှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုအားကောင်းလာဖို့ နဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Source : Original Uploader 

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T