ဘဝကိုအရှုံးမပေးဘဲ လက်တွန်းလှည်းလေးတွန်းပြီး တုန်တုန်ချိချိ ဈေးရောင်းရုန်းကန်နေရှာတဲ့ အသက်(၉၂)နှစ်အရွယ် အဖွားဒေါ်စာဥ

//s9.kh1.co/7a/7ac3983a429d770e10d8fb89da03cc30b7c336cc.jpeg
နေ့စဉ်သတင်းများ

 ၂၃-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

သက်ကြီးရွယ်အိုးအဖိုးအဖွားတွေမှာ လက်ရှိအခြေအနေကာလကြီးမှာ စားဝတ်နေရေးခက်ခဲပြီး မှီခိုအားထားစရာမရှိတာကြောင့် ဝမ်းရေးအတွက် ကိုယ်တိုင်ကြိုးစားရုန်းကန်နေကြရတာ တွေ့ရပါတယ်။ မှီခိုအားထားစရာမရှိတဲ့အတွက် ကျန်ရှိနေတဲ့သက်တမ်း အသက်ရှင်နေထိုင်နေရေးအတွက် ပူပင်သောကတွေနဲ့ တုန်တုန်ချိချိ လုပ်ကိုင်စားသောက်နေကြရတာ ဖြစ်ပါတယ်။

Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှာ နေထိုင်တဲ့ အသက်(၉၂)နှစ်အရွယ် အဖွားအိုတစ်ဦးမှာလည်း စားဝတ်နေရေးအတွက် လက်တွန်းလှည်းလေး တွန်းကာ ဈေးရောင်းနေရှာတာ တွေ့ရပါတယ်။ အသက်အရွယ်ကြီးရင့်နေပေမယ့်လည်း ဘဝကိုအရှူံးမပေးဘဲ ဝမ်းရေးအတွက် တွန်းလှည်လေးနဲ့ ခေါပျဉ်ရောင်းရရှာတဲ့ အဖွားဒေါ်စာဥအတွက် လူရွှင်တော်မိုးစက်ကလည်း အလှူငွေတွေနဲ့အတူ သွားရောက်ဂါဝရပြု ကန်တော့ခဲ့ပါတယ်။ 

Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc

လူရွှင်တော်ဦးလေးဦးကံပွင့် ပြောပြလို့ အဖွားအကြောင်းကို သိခွင့်ရတာဖြစ်ပြီး ဈေးရောင်းတဲ့ တွန်းလှည်းလေးက ကလေးတွန်းလှည်းလေးဖြစ်နေတဲ့အတွက် ရင်ထဲစိတ်မကောင်းတဲ့ အကြောင်းတွေကိုလည်း မိုးစက်က ပြောပြထားပါသေးတယ်။ အဖွားဒေါ်စာဥကတော့ သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ နဝရတ်လမ်းကျယ်မှာ နေထိုင်ပြီး (၁၀)ဈေးမှာ မနက်ပိုင်းဈေးရောင်းကာ မနက်ပိုင်းမကုန်ရင် ညနေဈေးတစ်ခါထွက်တယ်လို့ သိရတာကြောင့် အဖွားဆီမှာအားပေးနိုင်ကြဖို့ မျှဝေတင်ဆက်လိုက်ပါတယ်နော်။ 

Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc

သတင်း အရင်းအမြစ်Moe Sat's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T