နယ်စပ်အနားထိ ထွက်ပြေးလာခဲ့ရပြီး နေထိုင်ဖို့အတွက် ယာယီစခန်း ဆောက်လုပ်နေကြတဲ့ ထန်တလန်မြို့က ပြည်သူတွေရဲ့ ရုပ်သံဖိုင်

//s9.kh1.co/98/98c34a5548d6020478315e559d7f5690d900769e.jpg
နေ့စဉ်သတင်းများ

 ၂၃-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော ချင်းပြည်နယ်အတွင်းက ဟားခါးမြို့၊ ထန်တလန်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အာဏာရှင်လက်အောက်ခံတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာတာ တွေ့ရပါတယ်။ စတင်ဘာ (၁၈)ရက်နေ့က ထန်တမြို့ရဲ့ ဖြစ်စဥ်မှာလည်း လက်နက်ကြီး ထိမှန်တာကြောင့် မြို့ပေါ်ရှိ လူနေအိမ်(၂၀)နီးပါး မီးလောင်ပျက်စီးသွားခဲ့ရပါတယ်။ ဒါ့အပြင် အပြစ်မဲ့ ပြည်သူတချို့လည်း လက်နက်ငယ် ထိမှန်ပြီး သေဆုံးရတာတွေလည်း ရှိလာခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒီလိုဖြစ်ရပ်တွေကြောင့် ထန်တလန်မြို့က ပြည်သူတွေဟာ အသက်အန္တရယ် စိုးရိမ်ကာ နေအိမ်၊ မြို့ရွာကို စွန့်ခွာပြီး လက်ရှိမှာ ထွက်ပြေးတိမ်းရှောင် နေရပါတယ်။ တစ်မြို့လုံးနီးပါး ထွက်ပြေးနေရတာကြောင့် ထန်တလန်မြို့ဟာ အသက်မဲ့ခဲ့ပြီး ခြောက်ခြားစရာမြို့လေး ဖြစ်သွားခဲ့ရပါတယ်။ မြို့ခံပြည်သူတွေကတော့ လက်ရှိမှာ မြန်မာ -အိန္ဒိယ နယ်စပ်အထိ ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ယခုမှာလည်း ထန်တလန် စစ်ဘေးရှောင်တွေအတွက် ယာယီစခန်းဆောက်လုပ်နေတဲ့ ရုပ်သံဖိုင်တစ်ခုဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့တာ တွေ့ရပါတယ်။ စစ်ရှောင်လာတဲ့ ပြည်သူတွေ နေထိုင်လို့ရအောင် ယာယီ စခန်းအားဆောက်လုပ်နေပြီး ၎င်းတို့အတွက် လက်ရှိမှာ ဆေးဝါး၊ စားနပ်ရိက္ခာတွေ လိုအပ်နေကြောင့် စိတ်မကောင်းစွာ ကြားသိရပါတယ်။ ထန်တလန် စစ်ဘေးရှောင်တွေရဲ့ ယာယီစခန်း ဆောက်လုပ်နေတဲ့ ရုပ်သံဖိုင်လေးကို ပြန်လည်ကြည့်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T