လုပ်ငန်းခွင်တွင် လက်တစ်ဖက်ဆုံးရှုံးခဲ့ပြီး တစ်နှစ်အကြာမှာ နစ်နာကြေးထိုင်းဘတ်ငွေ (6)သိန်းကျော် ရရှိခဲ့တဲ့ ထိုင်းရောက်မြန်မာလုပ်သားတစ်ဦး

//s9.kh1.co/b4/b4f04e9dabcc21bf2ad42b54581964326bd6e55d.jpg
နေ့စဉ်သတင်းများ

 ၂၃-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

လုပ်ငန်းခွင်တွင် လက်တစ်ဖက်ဆုံးရှုံးခဲ့ပြီး တစ်နှစ်အကြာမှာ နစ်နာကြေးထိုင်းဘတ်ငွေ (6)သိန်းကျော် ရရှိခဲ့တဲ့ ထိုင်းရောက်မြန်မာလုပ်သားတစ်ဦး

စားဝတ်နေရေးအတွက် အိမ်နီးချင်းထိုင်းနိုင်ငံမှာ အလုပ်သွားရောက် လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ များစွာရှိနေခဲ့ပါတယ်။ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ရင်း မတော်တဆဖြစ်ပြီး အသက်သေဆုံးသွားတဲ့ မြန်မာအလုပ်သမားတွေလည်း ရှိသလို ခြေ၊လက်ဆုံးရှုံးတဲ့ မြန်မာလုပ်သားတွေလည်း ရှိနေကြပါတယ်။ ယခုမှာတော့ မြန်မာလုပ်သားတစ်ဦးဟာ လုပ်ငန်းခွင်တွင် လက်တစ်ဖက်ဆုံးရှုံးခဲ့ပြီး တစ်နှစ်အကြာမှာ နစ်နာကြေးထိုင်းဘတ်ငွေ (6)သိန်း(6)သောင်းကျော် ရရှိခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ထိုင်းနိုင်ငံ၊ဘန်ဘော်နယ်မြေအတွင်းရှိ ဖိနပ်စက်ရုံတစ်ခုမှာ အဆိုပါမြန်မာလုပ်သားက အလုပ်လုပ်ကိုင်ရင်း လုပ်ငန်းခွင်မှာ ညာလက်တစ်ဖက် စက်ကြိတ်ခံထိပြီး လက်တစ်ဖက်လုံး လှုပ်မရကာ ကျိုးကြေသွားခဲ့ရတာ ဖြစ်ပါတယ်။ ထိုင်းအလုပ်ရှင်ကလည်း တာဝန်မယူပေးတာကြောင့် လက်တစ်ဖက်ဆုံးရှုံးခဲ့တဲ့ အဆိုပါမြန်မာလုပ်သားဟာ ဒုက္ခရောက်နေခဲ့ပါတယ်။ ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ AACအဖွဲ့က လက်တစ်ဖက်ဆုံးရှုံးသွားတဲ့ အဆိုပါမြန်မာလုပ်သားကို စောင့်ရှောက်ကျွေးမွေးခဲ့ပြီး အမှုရင်ဆိုင်ပေးခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အမှုရင်ဆိုင်ပြီး တစ်နှစ်အကြာမှာတော့ ထိုင်းအလုပ်ရှင်ဘက်မှ အရှုံးပေးခဲ့ပြီး လုပ်ငန်းခွင်အတွင်း လက်တစ်ဖက်ဆုံးရှုံးခဲ့တဲ့ အဆိုပါမြန်မာအလုပ်သမားကို နစ်နာကြေး ထိုင်းဘတ်ငွေ(660,015)ဘတ် ပေးခဲ့ပါတယ်။ ထိုင်းအလုပ်ရှင်ဆီကနေ နစ်နာကြေးရရှိခဲ့တဲ့ အဆိုပါမြန်မာလုပ်သားအတွက် ပြည်သူတွေက ဝမ်းသာနေကြပါတယ်။ နစ်နာကြေးသွားရောက် ထုတ်ယူနေတဲ့ မြန်မာအလုပ်သမားတစ်ဦးရဲ့ ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T