လပြည့်ညက ကျိုက်ထီးရိုးတောင်နဲ့မျက်နှာချင်းဆိုင်တောင်ပေါ်ကို မိုးကြိုးပစ်ချတာကြောင့် ထီးတော်မြေခခဲ့ရတဲ့ရန်ပြေမာန်ပြေ မြန်မာပြည်အေးစေတီတော်

//s9.kh1.co/18/18462a366b0a80bea227c8860ab90ca1769ebe96.jpeg
နေ့စဉ်သတင်းများ

 ၂၃-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

လပြည့်ညက ကျိုက်ထီးရိုးတောင်နဲ့မျက်နှာချင်းဆိုင်တောင်ပေါ်ကို မိုးကြိုးပစ်ချတာကြောင့် ထီးတော်မြေခခဲ့ရတဲ့ရန်ပြေမာန်ပြေ မြန်မာပြည်အေးစေတီတော်

မြန်မာနိုင်ငံရဲ့ အထွတ်အမြတ်နေရာတစ်ခုဖြစ်တဲ့ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်ကြီးကို ကမ္ဘာလှည့်ခရီးသွားများက ဖူးမျှော်ကြည်ညိုကြပါတယ်။တော်သလင်းလပြည့်နေ့ (စက်တင်ဘာလ ၂၀) ရက်နေ့ကတော့ ည (၈)နာရီအချိန်မှာ ကျိုက်ထီးရိုးတောင်နဲ့ မျက်နှာချင်းဆိုင် စင်္ကြန်တောင်ပေါ်ကို မိုးကြိုးပစ်မှုဖြစ်ပွါးခဲ့ပါတယ်။စင်္ကြန်တောင်ပေါ်ရှိ ရန်ပြေမာန်ပြေ မြန်မာပြည်အေးစေတီတော်လည်း မိုးကြိုးထိမှန်သွားတာကြောင့် ထီးတော်မြေခခဲ့ရတာဖြစ်ပါတယ်။

Photo Credit:Ashin Dhammika’s Fb acc
Photo Credit:Ashin Dhammika’s Fb acc
Photo Credit:Ashin Dhammika’s Fb acc
Photo Credit:Ashin Dhammika’s Fb acc

စေတီတော်မှာရှိတဲ့ ခေါင်းလောင်းကြီးကိုထိမှန်သွားတာဖြစ်လို့ ခေါင်းလောင်းကြီးပြတ်ကျပြီး ထီးတော်လည်းမြေခသွားတာဖြစ်ပါတယ်။ခေါင်းလောင်းပြတ်ကျတဲ့အရှိန်နဲ့ အရံစေတီ (၁၅) ဆူခန့်လည်း ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။မိုးကြိုးထိသွားတဲ့စေတီတော်က ဉာဏ်တော် (၅၄) ပေ၊ လုံးဝန်း (၁၃၀) ပေရှိပြီးဘွဲ့တော်က "ရန်ပြေ မာန်ပြေမြန်မာပြည်အေးစေတီ"လို့ ရှေးယခင်ကတည်းက ခေါ်တွင်ခဲ့တာဖြစ်ပါတယ်။

Photo Credit:Ashin Dhammika’s Fb acc
Photo Credit:Ashin Dhammika’s Fb acc
Photo Credit:Ashin Dhammika’s Fb acc
Photo Credit:Ashin Dhammika’s Fb acc

ရှေးယခင်ကတည်းက ဒီစေတီတော်က ထီးတော်တင်မရတာကြောင့် လုံးတီးစေတီတော်ဖြစ်နေခဲ့ပြီး ယခုဆရာတော်မှ လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်ခန့်က ထီးတော်တင်ခဲ့တာဖြစ်ပါတယ်။မိုးကြိုးကြောင့် ပျက်စီးသွားရတဲ့စေတီတော်နဲ့ အရံစေတီငယ်လေးများကို စင်္ကြန်တောင်မှ ရတနာစင်္ကြန်ကျောင်းတိုက်ဆရာတော်ကပဲ ပြန်လည်ပြုပြင်နေတာဖြစ်ပါတယ်။မိုးကြိုးကြောင့် ထီးတော်မြေခခဲ့ရတဲ့ ရန်ပြေမာန်ပြေ မြန်မာပြည်အေးစေတီတော်ရဲ့ပုံရိပ်တွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Ashin Dhammika’s Fb acc
Photo Credit:Ashin Dhammika’s Fb acc
Photo Credit:Ashin Dhammika’s Fb acc
Photo Credit:Ashin Dhammika’s Fb acc

Source&Photo Credit:Ashin Dhammika’s Fb acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T