လှိုင်သာယာမြို့နယ် အလုပ်သမားထောင်နဲ့ချီတဲ့ Myanmar Unique အထည်ချုပ်စက်ရုံ ယာယီပိတ်သိမ်း

//s9.kh1.co/c9/c90a598739d3c5ade977c97ddc29c631636fdfa4.jpg
နေ့စဉ်သတင်းများ

 ၂၃-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ထောင်နဲ့ချီတဲ့ မြန်မာလုပ်သား အများဆုံးလုပ်ကိုင်နေကြတဲ့

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ဇုံ(၄)၊ ရွှေလင်ပန်းစက်မှုဇုံရှိ Myanmar Unique အထည်ချုပ်စက်ရုံအား စက်တင်ဘာလ (၂၂) ရက်မှ စတင်ပြီး ရက်အကန့်သတ်မရှိ ယာယီပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

အဆိုပါစက်ရုံက မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ထောင်နဲ့ချီတဲ့ မြန်မာလုပ်သားဝန်ထမ်းများ အများဆုံးလုပ်ကိုင်နေကြတဲ့ စက်ရုံတစ်ရုံလည်းဖြစ်ပါတယ်။

Photo Credit : HTY Information 
Photo Credit : HTY Information 

၂၀၂၀ ခုနှစ်တုန်းကလည်း ကိုဗစ်ကြောင့် ဝန်ထမ်းအင်အားလျှော့ချမှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ယခုအခါမှာတော့ ယာယီပိတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ Myanmar Unique အထည်ချုပ်စက်ရုံက ၇ လ အတွင်း ပိတ်သိမ်းခဲ့တဲ့ စက်ရုံတွေထဲမှာ လုပ်သားအင်အား အများဆုံးစက်ရုံကြီးတစ်ခုလည်း ဖြစ်ပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader

အလုပ်မှ ရပ်နားခံရတဲ့ အလုပ်သမားတွေအတွက်လည်း နစ်နာကြေးပေးလျော်ခဲ့ကြောင်းလည်း စက်ရုံရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အော်ဒါအထည်လျော့နည်းလာပြီး တခြားအခြေအနေတွေကြောင့် ဆက်လက်လည်ပတ်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် ပိတ်သိမ်းလိုက်တာလို့သိရကြောင်း စက်ရုံ လုပ်သားခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

Source : Original Uploader 

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T