ကျဆုံးရဲဘော်တွေ ရှိလာခဲ့ပြီဖြစ်ပေမယ့် သူတို့ရဲ့အသက်ကိုရင်းပြီး တိုက်ပွဲတွေမှာ ရဲရဲဝံ့ဝံ့ပါဝင်နေတဲ့ ရှေ့တန်းရောက် KNDF တပ်ဖွဲ့ဝင်တွေရဲ့ပုံရိပ်များ

//s9.kh1.co/65/657d0b80787985a92433b29a26b570481ce1cff2.jpg
နေ့စဉ်သတင်းများ

 ၂၂-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ကျဆုံးရဲဘော်တွေ ရှိလာခဲ့ပြီဖြစ်ပေမယ့် သူတို့ရဲ့အသက်ကိုရင်းပြီး တိုက်ပွဲတွေမှာ ရဲရဲဝံ့ဝံ့ပါဝင်နေတဲ့ ရှေ့တန်းရောက် KNDF တပ်ဖွဲ့ဝင်တွေရဲ့ပုံရိပ်များ

ကယားပြည်နယ်မှာတော့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ KNDF၊ KPDF အဖွဲ့တွေက တိုက်ပွဲတွေမှာ ဦးဆောင်ပါဝင်ပြီး ပြည်သူတွေကို ကာကွယ်ပေးနေတာ ဖြစ်ပါတယ်။ အာဏာသိမ်းပြီး မကြာခင်ကတည်းက ကယားပြည်နယ်မှာ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာက ယနေ့အချိန်အထိတိုင်အောင်ပဲ ဖြစ်ပါတယ်။ ယခုလက်ရှိမှာဆိုရင်လည်း ကယားပြည်နယ်၊ ဒီးမော့ဆိုဒေသမှာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပြီး အကျအဆုံးတွေလည်း ရှိနေတာ ဖြစ်ပါတယ် ။

Photo Credit-"KNDF-BO1 Dee Maw So Zone" FB Page

ပြီးခဲ့တဲ့ရက်က (၆)မိုင်တိုက်ပွဲမှာတော့ KNDF လူငယ်နှစ်ဦး လက်နက်ကြီးထိမှန်ပြီး ကျဆုံးသွားရတာ ဖြစ်ပါတယ်။ KNDF အဖွဲ့ဝင်တွေအနေနဲ့ အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့အတွက် သူတို့ချစ်တဲ့မိသားစုတွေကို စွန့်ခွာပြီး တောထဲတောင်ထဲမှာ ဒုက္ခခံနေရတာ ဖြစ်ပါတယ် ။ ဒါ့အပြင် သူတို့က အပင်ပန်းခံ၊ အငတ်ခံပြီး လေ့ကျင့်ရတဲ့အပြင် အသက်ပေးပြီး ရှေ့တန်းတက်ရတာလည်း ဖြစ်ပါတယ် ။

Photo Credit-"KNDF-BO1 Dee Maw So Zone" FB Page
Photo Credit-"KNDF-BO1 Dee Maw So Zone" FB Page
Photo Credit-"KNDF-BO1 Dee Maw So Zone" FB Page
Photo Credit-"KNDF-BO1 Dee Maw So Zone" FB Page
Photo Credit-"KNDF-BO1 Dee Maw So Zone" FB Page
Photo Credit-"KNDF-BO1 Dee Maw So Zone" FB Page

ကျဆုံးသွားတဲ့ရဲဘော်တွေ ရှိလာခဲ့ပြီဖြစ်ပေမယ့်လည်း KNDF တပ်ဖွဲ့တွေက လုံးဝနောက်မဆုတ်ဘဲ နောက်ထပ်တိုက်ပွဲတွေအတွက် ပြင်ဆင်နေကြဆဲ ဖြစ်ပါတယ် ။ ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီပေးခြင်းက သူတို့အတွက် အင်အားအများကြီးဖြစ်စေပြီး အရေးတော်ပုံမုချအောင်မြင်နိုင်မှာဖြစ်ကြောင်း KNDF ဒီးမော့ဆိုအဖွဲ့က ပြောကြားလိုက်တာ ဖြစ်ပါတယ် ။ မြေပြင်မှာ အမှန်တကယ်တိုက်ပွဲဝင်နေရတဲ့ KNDF တပ်ဖွဲ့ဝင်တွေရဲ့ဖြတ်သန်းရတဲ့အခြေအနေတွေကို ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-"KNDF-BO1 Dee Maw So Zone" FB Page

Photo Credit-"KNDF-BO1 Dee Maw So Zone" FB Page
Photo Credit-"KNDF-BO1 Dee Maw So Zone" FB Page
Photo Credit-"KNDF-BO1 Dee Maw So Zone" FB Page
Photo Credit-"KNDF-BO1 Dee Maw So Zone" FB Page
Photo Credit-"KNDF-BO1 Dee Maw So Zone" FB Page
Photo Credit-"KNDF-BO1 Dee Maw So Zone" FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T