ကားတစ်စီးလောက် အေးအေးဆေးဆေးဖြတ်သန်းလို့ရတဲ့အထိ ကြီးမားလှတဲ့ သစ်ပင်ကြီး

//s9.kh1.co/03/03a0c68cfbf6c871dbe6164db6df3c2ff8b6aa9e.jpg
ဗဟုသုတအဖြာဖြာ

 ၂၂-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဟိုးလွန်ခဲ့တဲ့ နှစ်တွေတုန်းက အမေရိကန်နိုင်ငံ Yosemite အမျိုးသားဥယျာဉ်အတွင်းက Mariposa သစ်တောအုပ်အတွင်းမှာ အလွန်ကြီးမားတဲ့သစ်ပင်ကြီးတစ်ပင်ရှိပါတယ်။

ဒီသစ်ပင်ကြီးကိုတော့ Wawona လို့ခေါ်ကြပြီး ပညာတွေရဲ့ပြောကြားချက်အရ ဒီသစ်ပင်ကြီးရဲ့သက်တမ်းဟာ နှစ်ပေါင်း ၂၃၀၀ ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=528,h=550,q=100/c7/c7d276dfb2051dff3635b80e6536e8419f3026ef.jpg

ဒီအပင်ကြီးရဲ့ ပင်စည်ကိုတော့ ၁၈၈၁ ခုနှစ်က ဖောက်ထွင်းပြီး ကားတစ်စီးစာလောက် ဖြတ်သန်းသွားလာလို့ရအောင် ပြုလုပ်ခဲ့ကြပါတယ်။

ဒါ့ကြောင့်ပဲ ကားတွေဖြတ်မောင်းလို့ရတဲ့ ဒီသစ်ပင်ကြီးဟာ တဖြေးဖြေးနဲ့  စိတ်ဝင်စားသူများပြားလာခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားတွေကို စွဲဆောင်နိုင်တဲ့အရာတစ်ခုဖြစ်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=416,q=100/1b/1b6cf18d8465d15c7cccb41d19f66a962c8e7021.jpg
https://s9.kh1.co/__image/w=500,h=356,q=100/60/6075ba0e321d9e86bd2e9f250da36ed216e3d92a.jpeg

Wawona Tunnel Tree လို့လည်းကျော်ကြားတဲ့ ဒီသစ်ပင်ကြီးဟာ အပေါက်ဖောက်ပြီးနောက်ပိုင်း နှစ်ပေါင်း ၈၀ ကျော်လောက်ကြာတဲ့အထိ လာရောက်လည်ပတ်သူတွေနဲ့ စည်ကားနေခဲ့ပါတယ်။

သို့ပေမယ့်လည်း ၁၉၆၉ ခုနှစ်မှာအရောက်မှာတော့ ဒီအပင်ကြီးရဲ့ ထိပ်ပိုင်းတစ်ခုလုံး ဆီးနှင်းများဖုံးအုပ်သွားခဲ့ပြီး ဆိုးရွားတဲ့အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ခုတ်လှဲခဲ့ရပါတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=440,h=270,q=100/52/5245f27879318803c581be4f4517b6b1c3381dad.jpg
https://s9.kh1.co/__image/w=600,h=378,q=100/e8/e87676de9013530b8464e63cad64c80b970521c8.jpg

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T