ပျော်ရွှင်ရမယ့်အချိန်မှ တကွဲတပြားနဲ့ ဒုက္ခများနေရတဲ့ What happen to the Wolf? သရုပ်ဆောင်တွေရဲ့ ရင်နာစရာအဖြစ်

//s9.kh1.co/c8/c870da3316a91990c80dc06416c9d2ecfa931170.png
အနုပညာရှင်များ

 ၂၂-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ဂျာမဏီနိုင်ငံ " Oldenburg International Film Festival " မှာ " What happen to the Wolf? " ဇာတ်ကားနဲ့ Seymour Cassel Award for Best Performance ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ အိန္ဒြာကျော်ဇင်ဟာ လက်ရှိမှာတော့ အင်းစိန်အကျဉ်းထောင်မှာ ချုပ်နှောင်ခံထားရပြီး (၅၀၅) (က) နဲ့ အမှုရင်ဆိုင်နေခဲ့ရပါတယ်။ သူမနဲ့အတူသရုပ်ဆောင်ခဲ့တဲ့ ပိုင်ဖြိုးသုဟာလည်း ဘေးလွတ်ရာကို ရှောင်တိမ်းနေရပါတယ်။ ဇာတ်ကားထဲမှာပါဝင်ခဲ့တဲ့ အောင်မြင့်မြတ်ဟာလည်း တောထဲမှာ စစ်ပညာတွေသင်ယူနေရသလို ဇာတ်ကားဖန်တီးခဲ့တဲ့ ဒါရိုက်တာဏကြီးဟာလည်း သုသုနဲ့အတူ ဘေးလွတ်ရာကို ပုန်းရှောင်နေရတဲ့အခြေအနေပါ။

Photo Credit - Kyawhtet Thu's FB Acc
Photo Credit - Kyawhtet Thu's FB Acc

ဇာတ်ကားတစ်ကားလုံးရဲ့ မိတ်ကပ်အပြင်အဆင်ပိုင်းကိုတာဝန်ယူထားရတဲ့ မေဦးဟာလည်း တောထဲမှာ ရောက်ရှိနေပြီး PDF တွေနဲ့ စစ်ဘေးရှောင်တွေအတွက် တတ်နိုင်သလောက် ကူညီပေးနေခဲ့ပါတယ်။ ဒီဇာတ်ကားကို အကောင်းဆုံးဖန်တီးခဲ့ပြီး နိုင်ငံတကာအသိအမှတ်ပြု ဆုတစ်ခုရချိန်မှ ကိုယ့်ဖန်တီးမှု အနုပညာအတွက် အသေအချာမပျော်ရွှင်လိုက်ရဘဲ ဒုက္ခတွေနဲ့ ပြေးလွှားနေရတဲ့အဖြစ်ကြောင့် ပရိသတ်တွေကလည်း အတော်လေးကို စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။

Photo Credit - Kyawhtet Thu's FB Acc
Photo Credit - Kyawhtet Thu's FB Acc
Photo Credit - Kyawhtet Thu's FB Acc
Photo Credit - Kyawhtet Thu's FB Acc

ဒီဇာတ်ကားကြီးရိုက်ကူးဖို့အတွက် ကန်တော့ပွဲပေးတဲ့အခမ်းအနားပုံရိပ်တစ်ချို့ဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပြီး ပရိသတ်တွေကလည်း သူတို့ချစ်တဲ့အနုပညာရှင်ကို လွမ်းတသသနဲ့ဖြစ်နေကြပါတယ်။ ကန်တော့ပွဲပေးတဲ့အချိန်မှာ ပျော်ရွှင်ခဲ့ပြီး ဇာတ်ကားမှာလည်း အကောင်းဆုံးကြိုးစားမှုတွေနဲ့ ပုံဖော်နိုင်ခဲ့ပေမယ့် ကိုယ်စိုက်တဲ့အပင်ရဲ့ အသီးအပွင့်ကိုတော့ ကိုယ်တိုင်ခံစားခွင့်မရှိတာ တကယ်ကို ရင်နာစရာကောင်းလွန်းပါတယ်။ အချုပ်အနှောင် အကျပ်အတည်းတွေကနေ အမြန်ဆုံးလွတ်မြောက်ပြီး အရင်လိုအောင်မြင်ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ အားလုံးအတွက် ဆုတောင်းပေးပါတယ်။

Photo Credit - Kyawhtet Thu's FB Acc
Photo Credit - Kyawhtet Thu's FB Acc

သတင်း အရင်းအမြစ်Kyawhtet Thu's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T