CDM တွင် ပါဝင်လာသည့် ရဲတပ်သား ၁ ဦး

//s9.kh1.co/53/53e11447fafc3d45c44a2aa46dddf3d3bd7e016c.jpg
နေ့စဉ်သတင်းများ

 ၂၂-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

CDM ပြုလုပ်ကာ ဒေသကာကွယ်ရေးတပ်များနှင့် ပူးပေါင်းလိုက်ကြောင်း


စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အမှတ် ၁၆ လုံခြုံရေး တပ်ဖွဲ့၊ ရဲတပ်ရင်း ၁၆ မှ ရဲတပ်သား ဗန်ထကျုံးက မနေ့က ၊ စက်တင်ဘာလ ၂၁ရက်နေ့က CDM ပြုလုပ်ကာ ဒေသကာကွယ်ရေးတပ်များနှင့် ပူးပေါင်းလိုက်ကြောင်း သတင်းရရှိပါတယ်။

Photo credit : Chin world
Photo credit : Chin world

အဆိုပါ ချင်းတိုင်းရင်းသား ရဲတပ်သားက မည်သည့် ကာကွယ်ရေးတပ်ဖွဲ့ထံ CDM ပြုလုပ်ကာ ပူးပေါင်းလိုက်တယ်ဆိုတာတော့ မသိရသေးပါဘူး။

Photo credit : Chin world
Photo credit : Chin world

စစ်ကောင်စီလက်အောက်  ရဲလုပ်ငန်းတာဝန်တွေ ဆောင်ရွက်ခြင်း မပြုလုပ်နိုင်တာကြောင့်  CDMမှာ ပူးပေါင်းပါဝင်လာကြတာလည်းဖြစ်ပါတယ်။

Photo credit : Chin world
Photo credit : Chin world

နိုင်ငံဝန်ထမ်းများ CDM ပြုလုပ်မှုက ယခုမှာပို အရှိန်မြင့်လာကာ ရဲတပ်ဖွဲ့ ၊ ဥပဒေရေးရာ နဲ့ တရားရေးမှ အရာရှိ ရာထူးကြီးပိုင်းများပါ ပါဝင်လာပါတယ်။

ချင်းတိုင်းရင်းသားတွေက နယ်စပ်မျဉ်းရဲ့ နှစ်ဘက်လုံးမှာနေထိုင်ကြတာကြောင့်  ဒေသခံရဲများ အိန္ဒိယဘက်တွင် ယာယီနေထိုင်ရေးအတွက်လည်း များစွာခက်ခဲခြင်းမရှိဘူးလို့လဲ သိရပါတယ်။

Source- Chin world

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T