မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် စစ်ရှောင်စခန်းရှိ စာသင်ကျောင်းများ ပျက်စီးခဲ့ရတဲ့ လက်ရှိအခြေအနေ

//s9.kh1.co/3b/3b86a70cbb5f6c505cf0edc59afc26cbeb63dd83.jpeg
နေ့စဉ်သတင်းများ

 ၂၂-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.....

လတ်တလောမြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းရေးအခြေအနေတွေနဲ့ တိုက်ပွဲတွေကြောင့် တောင်ပေါ်ဒေသတွေအပြင် အခြားမြို့နယ်တွေမှာ ပြည်သူတွေ အိုးပစ်အိမ်ပစ်နဲ့ တောတောင်တွေထဲ စစ်ရှောင်နေကြရပြီ ဖြစ်ပါတယ်။ ဒီလို စစ်ရှောင်ကြသူတွေ အထဲမှာ ကလေးငယ်တွေလည်းပါဝင်သလို သက်ကြီးရွယ်အိုတွေလည်း များစွာပါရှိနေတာကိုတွေ့ရပါတယ် ။ 

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

စားဝတ်နေရေးအပြင် အခက်အခဲတွေများစွာနဲ့ ပင်ပန်းဆင်းရဲစွာ စစ်ဘေးရှောင်နေကြရတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်၊ ဆေးဝါးနဲ့ အသုံးအဆောင်ပစ္စည်းတွေက တကယ်ကို လိုအပ်တာမို့ စေတနာရှင်တွေရဲ့ ကူညီလှူဒါန်းမှုတွေလည်း အများအပြားလိုအပ်ခဲ့ကြပါတယ် ။ ဒါကြောင့်လည်း ပြည်မက ပြည်သူတွေက တတ်နိုင်သလောက် လှူဒါန်းထောက်ပံ့ပေးလျက်ရှိပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

ဒီလို အခက်အခဲတွေ အပြင် မမြင်နိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေကိုလည်း ရံဖန်ရံခါ ရင်ဆိုင်ကြရပါသေးတယ်။ အခုလည်း ကရင်နီပြည်နယ် ဒီမော့ဆိုက စစ်ဘေးရှောင် စခန်းတစ်ခုမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ယာယီစာသင်ကျောင်းများ ပျက်စီး သွားခဲ့တယ်လို့ သိရပါတယ် ။ စစ်ရှောင် ပြည်သူတွေတော့ ဘာတစ်ခုမှ ထိခိုက်ဒဏ်ရာ မရရှိဘူးလို့လည်း သိရပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် အခက်အခဲတွေကြားက ရှာဖွေ တည်ဆောက်ထားရတဲ့ ယာယီအဆောင်တွေ ပျက်စီးသွားတာ စိတ်မကောင်းစရာပါပဲ ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို ဝေမျှပေးလိုက်ပါတယ် ။ 

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T