ယနေ့မနက်ပိုင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး level (1 ) ယာဉ်အုပ်စုဖြင့် မီးငြိမ်းသတ်ခဲ့ရတဲ့ ရွှေပြည်သာမြို့နယ်က ဂိုထောင်တစ်လုံး

//s9.kh1.co/91/91f20011e03a36649deba283e09a3c476b9adef9.jpg
နေ့စဉ်သတင်းများ

 ၂၂-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ယခုနှစ်အတွင်း နိုင်ငံရေးမတည်ငြိမ်တဲ့အချိန်မှာ ရန်ကုန်မြို့ကြီးအပါအဝင် နေရာဒေသက မြို့နယ်တချို့တွေမှာ မီးလောင်မှုတွေကလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားလာတာကို တွေ့လာရပါတယ်။ မီးလောင်မှုတွေမှာ လူနေအိမ် အများအပြားလည်း ပါဝင်သလို အများပြည်သူတွေအသုံးပြုတဲ့ စျေးတွေ၊ စက်ရုံတွေလည်း ပိုမိုအဖြစ်များလာခဲ့ပါတယ်။ ဒီလိုမီးလောင်မှုတွေကြောင့် ခက်ခက်ခဲခဲ ရှာဖွေစုဆောင်းထားတဲ့ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ် အများအပြားဟာ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

တချို့ မီးလောင်မှုတွေမှာ လူသေဆုံးခဲ့ရတဲ့အထိ ဆိုးဆိုးဝါးဝါး ဖြစ်ပွားခဲ့တာလည်း ရှိလာခဲ့ပါတယ်။ ဒီကနေ့ စတင်ဘာလ (၂၂)ရက် မနက်ပိုင်းမှာလည်း ရန်ကုန်မြို့တိုင်း ၊ ရွှေပြည်သာမြို့နယ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းကြားသိရပါတယ်။ မီးလောင်မှုဖြစ်ခဲ့တာကတော့ ရွှေပြည်သာမြို့နယ်၊ အမှတ် (၄)ရပ်ကွက်၊ ဒေါနလမ်းမှာရှိတဲ့ ဂိုထောင်တစ်လုံး လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ချက်တွေအရ မီးလောင်ကျွမ်းမှုကို level (1) ယာဉ်အုပ်စုများဖြင့် ငြှိမ်းသတ်ခဲ့ပြီး (၉)နာရီလောက်မှာ မီးထိန်းနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။ အဆိုပါ ဖြစ်စဥ်မှာ လူထိခိုက်ဒဏ်ရာ မရရှိခဲ့ပေမယ့် မီးလောင်ကျွမ်းမှုကြောင့် ဂိုထောင်ထဲက ပစ္စည်းတချို့ကတော့ ရစရာမရှိအောင် ပျက်စီးသွားခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးပေမယ့် မီးလောင်ကျွမ်းခဲ့တဲ့ ဖြစ်စဥ်ကို ပရိသတ်တွေလည်း သိရှိအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T