စစ်ကောင်စီတပ်များနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲများကြောင့် ကယားပြည်နယ် လူဦးရေရဲ့ ၃ ပုံ ၁ ပုံခန့် စစ်ဘေးရှောင်နေရ

//s9.kh1.co/2e/2ea6bc414aa31745278c088b8ce73796576058f8.jpg
နေ့စဉ်သတင်းများ

 ၂၂-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

စက်တင်ဘာလ အထိ ကယားပြည်နယ်တွင် တိုက်ပွဲပေါင်း ၇၃ ကြိမ်ဖြစ်ပွားခဲ့ပြီး

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပွားသောတိုက်ပွဲများကြောင့် လက်ရှိတွင် နေရပ်စွန့်ခွာ ထွက်ပြေးနေတဲ့ကယားပြည်နယ် စစ်ဘေးရှောင် လူဦးရေ ၃ ပုံ ၁ ပုံခန့် ရှိကြောင်း သိရပါတယ်။ စစ်ကောင်စီတပ်များနဲ့ ကယားပြည်နယ်အတွင်းရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ပြီးခဲ့တဲ့ မေလကထဲကစတင်ပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader

ကယားပြည်နယ်က မြန်မာနိုင်ငံမှာလူဦးရေ အနည်းဆုံးနဲ့ အသေးဆုံး ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ တိုက်ပွဲများဖြစ်ပွားခဲ့တဲ့ မြို့တော် လွိုင်ကော် အပါအဝင် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်မှ ဒေသခံပေါင်း ၈ သောင်းနှင့် ၁ သိန်းကြား စစ်ဘေးရှောင်နေရပါတယ်။

ကယားပြည်နယ်ရဲ့  ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂ သိန်း ၈ သောင်းကျော်ရှိနေရာ စစ်ဘေးရှောင်နေရသူ အရေအတွက်မှာ ပြည်နယ်လူဦးရေ၏ ၃ ပုံ ၁ ပုံခန့်ရှိနေကြောင်း စစ်ဘေးဒုက္ခသည်များကို ကူညီပေးနေတဲ့သူများမှ သိရပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader

တိုက်ပွဲများကြောင့် ပြေးလွှားနေကြရတဲ့ စစ်ဘေးရှောင် ဒုက္ခသည်များတွေက အခြားဒေသများများကို တနေရာ၊ တစုတစည်းတည်း ထွက်ပြေးကြခြင်း မဟုတ်ဘဲ နီးစပ်ရာ တောတောင်များ၊ ကျေးရွာများ နှင့် ဆွေမျိုးမိတ်ဆွေများထံသို့ ပြန့်ကျဲကာ ထွက်ပြေး တိမ်းရှောင်လျက် ရှိကြပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
 Photo Credit : Original Uploader
 Photo Credit : Original Uploader

စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ကစပြီး စက်တင်ဘာလ အထိ ကယား (ကရင်နီ) ပြည်နယ်တွင် တိုက်ပွဲပေါင်း ၇၃ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ လွိုင်ကော်နှင့် နယ်မြေ ဆက်စပ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ကရင်နီလူမျိုး အများအပြားနေထိုင်ကြတဲ့ ဖယ်ခုံနဲ့ ပင်လောင်းမြို့နယ်၊ ဖရူဆို၊ ဘော်လခဲ၊ ဖားဆောင်း၊ လွိုင်လင်းလေးမြို့နယ်များတွင်လည်း စစ်မီးတောက်လောင်လျက် ရှိနေပါတယ်။

Source : Original Uploader

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T