အိမ်ထောင်ရှင်အလှမယ်တစ်ယောက်ဖြစ်တဲ့ ဟန်နီချိုကတော့ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သူမရဲ့ခင်ပွန်းကလည်း အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသပြီး လိုလေသေးမရှိအောင်ဂရုစိုက်ပေးတတ်ပါတယ်။လွန်ခဲ့တဲ့လတွေကတော့ ဟန်နီချိုတို့ဇနီးမောင်နှံနှစ်ယောက်လုံး ကိုဗစ်ကူးစက်ရောဂါကိုခံစားခဲ့ရတာဖြစ်ပါတယ်။ဟန်နီချိုကတော့ သူမရဲ့ကျန်းမာရေးကိုလည်းဂရုစိုက်သလို ခင်ပွန်းကိုလည်းပြုစုပေးတာဖြစ်ပါတယ်။
သူမကစိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ ကိုဗစ်ကိုအံတုခဲ့တာဖြစ်လို့ ကိုဗစ်ကူးစက်ရောဂါမပြင်းထန်ခဲ့ဘဲ အမျိုးသားကတော့ အလူးအလဲခံစားခဲ့ရတာဖြစ်ပါတယ်။ဟန်နီချိုက ခင်ပွန်းအတွက် အစားအသောက်ကအစ အာဟာရပြည့်ဝအောင်သေချာဂရုတစိုက်စီမံပေးပြီး နေ့ရောညပါဂရုစိုက်ပေးတာဖြစ်ပါတယ်။သူမရဲ့အမျိုးသားကလည်း ဇနီးကောင်းလေးကိုပိုင်ဆိုင်ထားတာကြောင့် အခုဆိုရင် ကိုဗစ်ပျောက်ကင်းပြီး နလန်ပြန်ထူလာနိုင်ပြီဖြစ်ပါတယ်။
ကိုဗစ်သက်သာပျောက်ကင်းသွားပေမယ့်လည်း နောက်ဆက်တွဲအခြေအနေတွေကရှိနေဆဲဖြစ်တာကြောင့် သူမတို့ဇနီးမောင်နှံနှစ်ယောက်လုံး ကျန်းမာရေးကို ဂရုစိုက်ကြပါတယ်။ဒါ့ကြောင့် ဟန်နီချိုတို့ဇနီးမောင်နှံက မနက်တိုင်းနီးပါး လေ့ကျင့်ခန်းလုပ်ချိန်မှာ အသက်ရှူလေ့ကျင့်ခန်းကိုပါလုပ်ဆောင်ကြတာဖြစ်ပါတယ်။ဇနီးမောင်နှံနှစ်ယောက်ကတော့ အေးအတူပူအမျှနဲ့ တစ်ယောက်ကိုတစ်ယောက်ကြင်နာယုယပေးကြလို့ ပျော်ရွှင်နေကြတဲ့ ဟန်နီချိုတို့ရဲ့ပုံရိပ်တွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit:Honey Cho’s Fb acc