ထန်တလန်မှာ တစ်မြို့လုံးနီးပါး လူမရှိတော့လို့သေဆုံးသွားတဲ့ အဘွားအိုတစ်ဦးရဲ့အလောင်းကိုတောင် အသုဘချပေးမယ့် လူမရှိတော့တဲ့ဖြစ်ရပ်

//s9.kh1.co/24/24fae30b9416eef363697360c14615efb17696fd.jpg
နေ့စဉ်သတင်းများ

 ၂၂-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ထန်တလန်မှာ တစ်မြို့လုံးနီးပါး လူမရှိတော့လို့သေဆုံးသွားတဲ့ အဘွားအိုတစ်ဦးရဲ့အလောင်းကိုတောင် အသုဘချပေးမယ့် လူမရှိတော့တဲ့ဖြစ်ရပ်

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ချင်းပြည်နယ်၊ထန်တလန်မြို့မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေပေါ် လက်နက်ကြီးတွေ ကျရောက်ခဲ့ပါတယ်။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ထန်တလန်မြို့က နေအိမ်အချို့ ရစရာမရှိအောင် မီးလောင်ပျက်စီးသွားတဲ့အပြင် သင်းအုပ်ဆရာတစ်ဦးလည်း သေနတ်နဲ့ ပစ်ခတ်ခံရပြီး အသက်သေဆုံးသွားခဲ့ပါတယ်။ ထန်တလန်မြို့က မြို့နေပြည်သူအများစုဟာ အဆိုပါအဖြစ်အပျက်တွေကြောင့် ထန်တလန်မြို့ကို စွန့်ခွာနေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အချိန်အတော်ကြာနေထိုင်ခဲ့တဲ့ မြို့ကို စွန့်ခွာနေကြတာ ဖြစ်ပြီး ယခုမှာတော့ ထန်တလန်မြို့မှာ လူသွားလူလာမရှိတော့ဘဲ တိတ်ဆိတ်ခြောက်ကပ်နေခဲ့ပါတယ်။ စက်တင်ဘာလ (၂၁)ရက်နေ့ မနေ့ကတော့ ထန်လတန်မြို့မှာ နေထိုင်နေတဲ့  အဘွားအိုတစ်ဦးဟာ ဆုံးပါးကွယ်လွန်သွားခဲ့ပါတယ်။ ထန်တလန်မြို့မှာ လူနည်းစုလောက်သာ ကျန်ရှိတော့တာဖြစ်လို့ အသုဘချပေးမယ့် လူမရှိဖြစ်နေပြီး ကွယ်လွန်သွားတဲ့ ရုပ်အလောင်းကို သုသာန်သို့ ပို့ဆောင်ဖို့လည်း အခက်အခဲရှိနေခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အသုဘချပေးမယ့်လူမရှိတာကြောင့် ဟားခါးမြို့က ကိုဗစ်ကာကွယ်ရေးအသင်းက  ထန်တလန်မြို့ကို သွားရောက်ပြီး ဆုံးပါးကွယ်လွန်သွားတဲ့ ရုပ်အလောင်းကို မြုပ်နှံပေးခဲ့ကြောင်း သိရှိရပါတယ်။ဟားခါးမြို့ရှိ ကိုဗစ်ကာကွယ်ရေးအသင်းက ဆုံးပါးသွားတဲ့ အဘွားအိုကို အုတ်ဂူသွင်းပြီး သေသေချာချာသဂြိုလ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ထန်တလန်မြို့က အဘွားအိုတစ်ဦးရဲ့ ရုပ်အလောင်းကို လာရောက်သဂြိုလ်ပေးနေခဲ့တဲ့ ဟားခါးမြို့က ပရဟိတသမားတွေရဲ့ ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source:  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T