ရန်ကုန်လှိုင်သာယာမြို့နယ်တွင် ဗုံး (၆)လုံးပေါက်ကွဲပြီး အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရ

//s9.kh1.co/c1/c1ce23c50da715328c27a0eb167d293dd577b2cc.jpg
နေ့စဉ်သတင်းများ

 ၂၂-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

လှိုင်သာယာမြို့နယ်တွင် ဗုံးပေါက်ကွဲမှုများ မကြာခဏဆိုသလို ဖြစ်ပေါ်ခဲ့ပြီး

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ရိုးကြီးမှတ်တိုင်အနီး ကမ္ဘာသစ်ဆီဆိုင်ရှေ့တွင် စက်တင်ဘာလ (၂၁) ရက်နေ့ ညနေ (၃း၅၅) မိနစ်ကစပြီး  ဗုံး(၆)လုံး ထက်မနည်း ဆက်တိုက်ပေါက်ကွဲခဲ့ပါတယ်။ အဆိုပါ ပေါက်ကွဲမှုတွင် အမျိုးသား (၁) ဦးထိခိုက်မှုရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။

Photo Credit : HTY Information
Photo Credit : HTY Information

ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာ ပစ်ခတ်သံများလည်းထွက်ပေါ်လာပါတယ်။ လမ်းတစ်ချို့ကို ပိတ်ဆို့စစ်ဆေးခဲ့ပြီး ညနေ (၅:၂၀) မိနစ်အချိန်တွင် ယင်းနေရာမှ စစ်သားနှင့်ရဲများ ပြန်လည် ထွက်ခွာသွား​ခဲ့ကြောင်း သိရပါတယ်။

လှိုင်သာယာမြို့နယ်တွင် ဗုံးပေါက်ကွဲမှုများ မကြာခဏဆိုသလိုဖြစ်ပေါ်ခဲ့ပြီး ယခင်ပေါက်ကွဲမှုအများစုက စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာ စခန်းအနီးမှာသာ ဖြစ်ပေါ်ခဲ့ပေမဲ့ မနေ့ကပေါက်ကွဲမှုကတော့ အများပြည်သူများ သွားလာလှုပ်ရှားရာနေရာမှာဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader

ဖေဖော်ဝါရီ ၁ အာဏာသိမ်းမှုကို  ပြင်းပြင်းထန်ထန်ဆန့်ကျင်တဲ့ မြို့နယ်များစာရင်းတွင် ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားများစွာ နေထိုင်တဲ့ လှိုင်သာယာမြို့နယ်က ထိပ်ဆုံးမှပါဝင်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း ပစ်မှတ်ထားနှိပ်ကွပ်ခံခဲ့ဖူးပါတယ်။

Source : Original Uploader

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T