တောင်ကြိုတောင်ကြားတွေကနေ ‌ဆိုင်ကယ်နဲ့သွားရတဲ့အပြင် မိုးရွာပြီးလမ်းတွေပါချော်နေတာကြောင့် ရိက္ခာတွေခက်ခက်ခဲခဲသယ်ယူနေတဲ့ CDFရဲဘော်များ

//s9.kh1.co/18/18b19696edd8d643e2211f89c42f5ebfdf6139a9.jpg
နေ့စဉ်သတင်းများ

 ၂၂-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အာဏာသိမ်းမှုအပြီး မြန်မာလူငယ်တွေဟာ ရရာလက်နက် စွဲကိုင်ပြီး ကိုယ့်ဒေသက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နေကြကာ အာဏာရှင်ကိုတွန်းလှန်နေကြတာဖြစ်ပါတယ် ။ ချင်းပြည်နယ်ကလူငယ်လေးတွေဟာလည်း အသက်ကိုစွန့်ပြီး ရဲရဲရင့်ရင့်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDFထဲ ဝင်ရောက်ကြတာကို တွေ့ရပါတယ် ။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ချင်းပြည်နယ်မှာ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေသလို နှစ်ဖက်ကျဆုံးတဲ့သတင်းတွေလည်း မကြာခဏမြင်တွေ့နေရပါတယ်။ CDFရဲဘော်တွေရဲ့ နယ်မြေကျွမ်းကျင်မှုတွေနဲ့ ခိုင်မာတဲ့စိတ်ဓာတ်တွေကြောင့် တူမီးသေနတ်နဲ့ပြန်လည်ခုခံနေတာတောင် CDFရဲဘော်တွေဘက်က အသာစီးရရှိနေပြီး အောင်မြင်မှုတွေရရှိနေတာ ဖြစ်ပါတယ် ။

Photo credit-Original Uploader
Photo credit-Original Uploader

စစ်ပွဲအခြေအနေတွေကြောင့် ချင်းပြည်နယ်ကို ရိက္ခာဖြတ်တောက်မှုတွေပြုလုပ်ထားပေမယ့် ပြည်သူတွေကလည်း ရရာနည်းလမ်းနဲ့ရိက္ခာတွေပို့ကာ ကူညီပေးကြပြီး CDFရဲဘော်တွေအနေနဲ့လည်း တောင်ကြိုတောင်ကြားတွေကနေ ခက်ခက်ခဲခဲရိက္ခာရယူနေကြရတာဖြစ်ပါတယ် ။ ဆိုင်ကယ်တွေနဲ့ တောင်ကြားလမ်းတွေကိုမောင်းရတာဟာ အလွန်ခက်ခဲတဲ့အပြင် အန္တရာယ်လည်းများလှတဲ့ လမ်းကြောင်းဖြစ်တာကြောင့် ပြည်သူတွေဟာ CDFရဲဘော်တွေဘေးကင်းဖို့ကိုလည်း ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T