တိုက်ပွဲတွေကြောင့် အေးချမ်းသာယာတဲ့ ဇာတိရွာလေးကို ရင်နာနာနဲ့ ထားခဲ့ပြီး ဘေးကင်းရာသို့ ထွက်ခွာနေကြတဲ့ ချင်းပြည်သူတွေရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/e1/e1b15746e47b4c445b9ab08ccb410141965ce892.jpg
နေ့စဉ်သတင်းများ

 ၂၂-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

တိုက်ပွဲတွေကြောင့် အေးချမ်းသာယာတဲ့ ဇာတိရွာလေးကို ရင်နာနာနဲ့ ထားခဲ့ပြီး ဘေးကင်းရာသို့ ထွက်ခွာနေကြတဲ့ ချင်းပြည်သူတွေရဲ့ ဗီဒီယိုဖိုင်

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ချင်းပြည်နယ်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေခဲ့ပြီး နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှိနေခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် ပြည်သူတွေဟာ ဘေးကင်းလုံခြုံရာနေရာတွေမှာ သွားရောက် စစ်ဘေးရှောင်နေကြပြီး ယခုရက်ပိုင်းအတွင်း စစ်ဘေးရှောင်ဦးရေ ပိုမိုများပြားလာနေခဲ့ပါတယ် ။ စက်တင်ဘာလ(၂၁)ရက်နေ့ မနေ့ကတော့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် Satawm ကျေးရွာက ရွာသူရွာသားတွေဟာ တိုက်ပွဲတွေကြောင့် ဇာတိရွာလေးကို စွန့်ခွာနေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အိန္ဒိယ မြန်မာ နယ်စပ် ရွာလေးတစ်ခု ဖြစ်တဲ့ Satawm ရွာလေးဟာ ချင်းမျိုးချစ်ဂီတစာဆို ဒေါက်တာဆလိုင်းသောနရဲ့ မွေးရပ်မြေဖြစ်ပြီး အေးချမ်းတဲ့ ရွာလေးတစ်ရွာပဲ ဖြစ်ပါတယ်။ Satawm ရွာသူရွာသားတွေဟာ အေးချမ်းတဲ့ ဇာတိရွာလေးကို ထားရစ်ခဲ့ပြီး တစ်ဖက်ကမ်းမှာရှိတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲမှာ သွားရောက်ခိုလှုံနေကြရပါတယ်။ ပစ္စည်းလေးတွေကို သယ်ပြီး ဘေးကင်းရာနေရာသို့ သွားရောက်ခိုလှုံနေကြတဲ့ Satawm ရွာသူရွာသားတွေရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး ပြည်သူတွေက အလွန်စိတ်မကောင်းဖြစ်နေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဒေသခံပြည်သူတစ်ဦးကတော့ " သာယာအေးချမ်းတဲ့နေရာ သူတို့ (ကျွန်မ) သိပ်ချစ်တဲ့ စတောမ်ရွာကိုထားခဲ့ပြီးမိုးထဲလေထဲ၊ တောတောင်တွေကျော်၊ မြစ်ကိုဖြတ်ပြီး အသက်ဘေးလွတ်ရာသို့ထွက်သွားကြရပြီ ကူညီလက်ခံပေးတဲ့ အိမ်နီးချင်းနိုင်ငံကိုကျေးဇူးတင်ရင်း ဒီလိုရင်နာစရာကို တော်လှန်ရေးအောင်မြင်ဖို့ တွန်းအားဖြစ်စေရင်း အရေးတော်ပုံမုချအမှန်အောင်ရမည်" ဆိုပြီး ရေးသားထားပါတယ်။ အေးချမ်းတဲ့ ဇာတိရွာလေးကို စွန့်ခွာပြီး ဘေးကင်းရာနေရာသို့ ထွက်ခွာနေကြတဲ့ ချင်းပြည်သူတွေရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T