မနေ့က (၆)မိုင်တိုက်ပွဲမှာ တစ်ဖက်အဖွဲ့နဲ့ထိပ်တိုက်ရင်ဆိုင်ပြီး ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/1c/1c1a97edf320428bb811bfef141b7ca777457e72.jpg
နေ့စဉ်သတင်းများ

 ၂၂-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

မနေ့က (၆)မိုင်တိုက်ပွဲမှာ တစ်ဖက်အဖွဲ့နဲ့ထိပ်တိုက်ရင်ဆိုင်ပြီး ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေရဲ့ဗီဒီယိုဖိုင်

ယခုရက်ပိုင်းမှာတော့ ကယားပြည်နယ်ရှိ နေရာအနှံ့အပြားမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာ ဖြစ်ပါတယ် ။ ကယားပြည်နယ်၊ဒီမော့ဆိုဒေသရှိ (၆)မိုင်အနီးတစ်ဝိုက်မှာ ပြီးခဲ့တဲ့ရက်ကတည်းက တိုက်ပွဲတွေပြင်းထန်ခဲ့တာ ဖြစ်ပါတယ် ။ အာဏာသိမ်းလက်နက်ကိုင်အဖွဲ့နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ KNDF ဘက်က လူငယ်(၂)ဦး ကျဆုံးခဲ့ရပြီလည်း ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

မနေ့က စက်တင်ဘာလ (၂၁)ရက်နေ့ကဆိုရင်လည်း ကယားပြည်နယ်၊ (၆)မိုင်ဒေသမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ နေ့လည် (၃) နာရီဝန်းကျင်ခန့်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ် ။ ဒီတိုက်ပွဲမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေက အာဏာသိမ်းလက်နက်ကိုင်အဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒီတိုက်ပွဲမှာ Karenni Generation Z (Volunteer Fighters) အဖွဲ့က ပြည်သူ့ကာကွယ်ရေးတပ်သားတွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ် ။ KGZ အဖွဲ့ဝင်တစ်ဦးက တိုက်ပွဲရဲ့အခြေအနေကို ဗီဒီယိုရိုက်ကူးပြီး မျှဝေပေးခဲ့တာလည်း ဖြစ်ပါတယ် ။ KGZ အဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့် အာဏာသိမ်းလက်နက်ကိုင်အဖွဲ့ဘက်မှာ အထိအခိုက် အကျအဆုံးတွေရှိခဲ့ကြောင်း ဖော်ပြထားတာလည်း တွေ့ရပါတယ်။ မနေ့ကဖြစ်ပွားခဲ့တဲ့ (၆)မိုင်တိုက်ပွဲရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Video Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T