ပြည်သူ့အောင်ပွဲအတွက် ကြိုးစားပြင်ဆင်ပြီး အပတ်စဥ် (၁၅) PDF ရဲဘော်တွေကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပြန်ပြီဖြစ်တဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်

//s9.kh1.co/fd/fd637316cfa16863c0fecc63ee382b0923b0a13d.jpg
နေ့စဉ်သတင်းများ

 ၂၂-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.


GZလူငယ်တွေကတော့ ဒီမိုကရေစီပြန်ရဖို့  အာဏာရှင်လူတစ်စုကို ယနေ့အချိန်ထိ ဆန့်ကျင်နေကြသလို တော်လှန်ရေးကြီး အောင်မြင်ဖို့အတွက် လွတ်မြောက်နယ်မြေတွေမှာ စစ်ပညာကို ပင်ပင်ပန်းပန်းနဲ့ သင်ယူနေကြတာ တွေ့ရပါတယ်။ စိတ်အားထက်သန်တဲ့ PDF ရဲဘော်လေးတွေကလည်း  တိုင်းရင်းသားတပ်မတော်တွေနဲ့ အတူလက်တွဲပြီး အခက်အခဲတွေကြားထဲကနေ စစ်ရေးအတွက် အကောင်းဆုံးကြိုးစား ပြင်ဆင်နေကြတာဖြစ်ပါတယ်။

Photo Credit - PDF
Photo Credit - PDF
Photo Credit - PDF
Photo Credit - PDF

PDF ရဲဘော်တွေဟာ လွတ်မြောက်နယ်မြေတွေကနေ အပတ်စဥ် သင်တန်းများဆင်းလာရင်လည်း တတ်မြောက်ထားတဲ့ ပညာရပ်တွေနဲ့ မြို့ပြတွေမှာ ပြောက်ကျားစနစ်ဖြင့် အာဏာရှင်တွေကို တိုက်ခိုက်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူတွေကလည်း တတ်နိုင်တဲ့ဘက်ကနေ PDF တွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့ကြတာ တွေ့ရပါတယ်။ ယခုမှာလည်း ယမန်နေ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ တော်လှန်ရေး ရဲဘော်တွေတချို့ရဲ့ စစ်သင်တန်းဆင်းခဲ့တဲ့ ပုံရိပ်တွေဟာ လူမှုကွန်ယက်တွေမှာ ပျံ့နှံ့လာခဲ့ပါတယ်။

Photo Credit - PDF
Photo Credit - PDF
Photo Credit - PDF
Photo Credit - PDF

ဒီတစ်ခါကတော့  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF ) တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့  အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၅) သင်တန်းဆင်းပွဲဖြစ်ပါတယ်။
သင်တန်းဆင်းပွဲမှာတော့ PDF ရဲဘော်များက တာဝန်ရှိသူများကို စစ်ကြောင်းပုံဖြင့် ချီတက် အလေးပြုခဲ့ကြတာ တွေ့မြင်ရပါတယ်။ မဝေးတော့တဲ့ ဒီမိုကရေစီအိပ်မက်ကို ပုံဖော်နိုင်ဖို့ သင်တန်းဆင်းလာကြတဲ့ PDF ရဲဘော်တွေကို ပြည်သူတွေကလည်း လေးစားဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။

Photo Credit - PDF
Photo Credit - PDF

သတင်း အရင်းအမြစ်Source - PDF






Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T