ရှေ့တန်းမှာ ကျဆုံးသွားခဲ့တဲ့ ပြည်သူ့ရဲဘော်တစ်ဦး

//s9.kh1.co/c1/c1ded7b717d71689cc0b8d6b3d4dd359e15af7b6.jpg
နေ့စဉ်သတင်းများ

 ၂၂-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အရမ်းကိုစိတ်မကောင်းဖြစ်ရပါတယ်.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

၂၀၂၁ ၊ ဖေဖော်ဝါရီလ (၁)ရက် နေ့မှစကာ စစ်ကောင်စီဟာ မြန်မာနိုင်ငံကို အာဏာထိန်းချုပ်မှုများစတင်ပြုလုပ်ခဲ့ပါတယ်။ဒါကြောင့်လည်း ပြည်သူလူထုတစ်ရပ်လုံးဟာ ဖေဖော်ဝါရီ(၄)ရက်နေ့မှစ၍ တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ ဆန္ဒပြသပိတ်စစ်ကြောင်းများကို ငြိမ်းချမ်းစွာ ပြုလုပ်လာကြပါတယ်။

Photo Credit From Myanmar Now
Photo Credit From Myanmar Now
Photo Credit From Mizzima
Photo Credit From Mizzima

သို့ပေမယ့် စစ်ကောင်စီဟာ မတ်လ မှစ မေလအထိ သပိတ်စစ်ကြောင်းများကို ဆက်တိုက်ဖြိုခွင်းခဲ့ပါတယ်။သပိတ်စစ်ကြောင်းများဖြိုခွင်းခံရမှုကြောင့် ပြည်သူလူထုများ ဖမ်းဝရမ်းများထုတ်ခံရသလို ဖမ်းဆီးချုပ်နှောင်ခံရမှုများနှင့်ကျဆုံးမှုများလည်းရှိလာပါတယ်။ထိုအချိန်မှစလို့ လူငယ်အများစုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသို့ စစ်သင်တန်းသွားရောက်လေ့လာကြပါတော့တယ်။

Photo Credit From Sai Bhone Min Thant
Photo Credit From Sai Bhone Min Thant

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသို့ဝင်ရောက်ကာ ပြည်သူများအတွက်တိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းများစွာထဲကမှ ယမန်နေ့ စက်တင်ဘာ(၂၂)ရက်နေ့က ရဲဘော်တစ်ဦးရှေ့တန်းမှာကျဆုံးခဲ့ပါတယ်။သူ့အမည်မှာ စိုင်းဉာဏ်လင်းသန့် ဖြစ်ပြီး သူဟာစက်မှုလက်မှုသိပ္ပံ​ (မန္တ​လေး)ကျောင်းသားများသမဂ္ဂ ဒု ဥက္ကဌ အဖြစ်တာဝန်ယူထားသူဖြစ်ကြောင်းသိရပါတယ်။သူဟာ ဆန္ဒပြသပိတ်စစ်ကြောင်းများရှိစဥ်ကာလတည်းက အားတက်သရော လှုပ်ရှားခဲ့သူဖြစ်ပါတယ်။ယခုအခါမှာလည်း ပြည်သူ့ကာကွယ်ရေးအတွက် တိုက်ပွဲဝင်ရာမှ ရှေ့တန်းမှာကျဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။မြင့်မြတ်စွာကျဆုံးသွားတဲ့ စိုင်း ကို အမြဲဂုဏ်ယူနေကြစေရန် ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။

Photo Credit From Sai Bhone Min Thant
Photo Credit From Sai Bhone Min Thant
Photo Credit From Sai Bhone Min Thant
Photo Credit From Sai Bhone Min Thant
Photo Credit From Sai Bhone Min Thant
Photo Credit From Sai Bhone Min Thant
Photo Credit From Sai Bhone Min Thant
Photo Credit From Sai Bhone Min Thant
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T