မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် လောက်ကိုင်တွင် (၁၀) ဘီးကားနဲ့ Mark II ကားဝင်တိုက်မှုဖြစ်ပွား

//s9.kh1.co/f3/f3c439a8d59231c33512b59c673413981223fa7d.jpg
နေ့စဉ်သတင်းများ

 ၂၂-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

(၃) ဦး ကတော့ အခင်းဖြစ်တဲ့နေရာမှာ သေဆုံးခဲ့ပြီး

မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် စက်တင်ဘာလ ၂၁ ရက်နေ့ နေ့လည် (၂း၅၀) ခန့်က ရှမ်းပြည်နယ်၊ လောက်ကိုင်-ချင်းရွှေဟော်လမ်း၊ မိုင်တိုင်အမှတ် (၁၇/၃)တွင် လောက်ကိုင်မြို့မှ မောင်းနှင်လာသော Mark II အဖြူရောင်ကားနဲ့ (၁၀) ဘီးကား ဝင်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Myanmar Fire Services Department
Photo Credit : Myanmar Fire Services Department

Mark II အဖြူရောင်ကားက မိုးရွာသွန်းမှုကြောင့် အရှိန်မထိန်းနိုင်ဘဲ စလစ်ဖြစ်သွားခဲ့ပြီး တစ်ဖက်ယာဉ်ကြောဖက်မှ မျက်နှာချင်းဆိုင် မောင်းနှင်လာသော (၁၀)ဘီးယာဉ်နှင့် ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

Photo Credit : Myanmar Fire Services Department
Photo Credit : Myanmar Fire Services Department

အခင်းဖြစ်ပွားရာနေရာကို လောက်ကိုင်ခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး သွားရောက်ကူညီ ဆောင်ရွက်ခဲ့တယ်လို့  မီးသတ်ဦးစီးဌာနက သိရပါတယ်။

Photo Credit : Myanmar Fire Services Department
Photo Credit : Myanmar Fire Services Department
Photo Credit : Myanmar Fire Services Department
Photo Credit : Myanmar Fire Services Department

ယာဉ်တိုက်မှုကြောင့် Mark II ကားပေါ်မှာပါလာတဲ့ ယာဉ်မောင်း ကျား(၁)ဦး၊ မ(၂)ဦး စုစုပေါင်း (၃)ဦးကတော့ အခင်းဖြစ်တဲ့နေရာမှာ သေဆုံးခဲ့ပြီး လောက်ကိုင်ခရိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

Photo Credit : Myanmar Fire Services Department
Photo Credit : Myanmar Fire Services Department

Source : Original Uploader

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T