တော်လှန်ရေးကာလမှတွေ့ဖူးကြပေမယ့် အချင်းချင်း ညီအစ်ကိုအရင်းတွေလိုခင်မင်ပြီးချစ်ကြတဲ့အကြောင်းလေးကိုဖွင့်ဟလာတဲ့ PDFစစ်ဗိုလ်တစ်ဦး

//s9.kh1.co/48/48387ec659c00bb9e5c149b7ee8f9b94182cdc79.jpg
နေ့စဉ်သတင်းများ

 ၂၂-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ရှစ်လကျော်ကြာမြင့်လာပြီဖြစ်တဲ့ တော်လှန်ရေးကာလရှည်ကြီးမှာ ပြည်သူအားလုံးရော PDF လူငယ်တွေရော အင်တိုက်အားတိုက်ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ D Day ကြေငြာလိုက်သည့်နေ့ကစကာ တိုက်ပွဲတွေကလည်း ဆက်တိုက်ပြင်းထန်နေပြီး မြို့ပေါ်နေရာအနှံ့မှာလည်း ပေါက်ကွဲမှုတွေနဲ့ တာဝါတိုင်ဖောက်ခွဲမှုတွေဖြစ်ပေါ်နေကာ တိုင်းရင်းသားဒေသတွေမှာလည်း နေ့စဉ်မပြတ်တိုက်ပွဲတွေဆက်တိုက်ဖြစ်ပေါ်နေတာဖြစ်ပါတယ် ။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

တစ်ဖက်ကလည်း ဖမ်းဆီးအရေးယူမှုတွေနဲ့ ပစ်ခတ်မှုတွေပိုမိုပြင်းထန်လာတာကြောင့် ၀ရမ်းထုတ်ခံထားရတဲ့ အနုပညာရှင်တွေအနေနဲ့လည်း လွတ်မြောက်နယ်မြေတွေမှာ သွားရောက်ခိုလှုံကြကာ PDFရဲဘော်တွေအနေနဲ့ပါခံယူထားကြတာကိုတွေ့ရပါတယ် ။ မင်းမော်ကွန်းမိသားစုအပါအ၀င် ဒါရိုက်တာသည်ခေတ်နေ၊ကိုပေါက်တို့ကလည်း စခန်းတစ်ခုတည်းမှာနေထိုင်ကြတာဖြစ်ပြီး PDFရဲဘော်ရဲဘက်တွေနဲ့အတူ ညီအစ်ကိုရင်းတွေပမာ ကူညီရိုင်းပင်းပြီးနေထိုင်နေကြတာကိုတွေ့ရပါတယ် ။

Photo credit-Original Uploader
Photo credit-Original Uploader

PDF စစ်ဗိုလ်တစ်ဦးကလည်း မကြာသေးမီက သူ့ရဲ့ Facebookစာမျက်နှာလေးမှာ "တော်လှန်ရေးကာလ တော်လှန်ရေးနယ်မြေမှာ တွေ့ဆုံကြသူတွေဟာ မြို့ပေါ်မှာထပ်ကို ပို၍သံယောဇဥ်ဖြစ် ပို၍ ချစ်ခင်ကြပါတယ်....ဒါ တကယ်လက်တွေ့ပါ....စစ်အာဏာရှင် စနစ်ကို မုန်းတီးလို့

တောထဲရောက်လာသူတွေ ဟာအရင်က မမြင်ဖူး မတွေ့ဖူး ပေမယ့်တစ်ဦးနဲ့တစ်ဦး ဖေးမကူညီရင်း

ညီရင်းအကိုလို အရမ်းချစ်ကြပါတယ်...." ဆိုပြီးရေးသားမျှဝေထားတာကို တွေ့ရပါတယ်။ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Ye Min's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T