ရုတ်တရက်ဆေးရုံကိုရောက်သွားခဲ့ရတဲ့ သူမရဲ့လက်ရှိကျန်းမာရေးအခြေအနေကို ဖွင့်ဟလာတဲ့ သရုပ်ဆောင်ခင်သဇင်

//s9.kh1.co/72/7268eae92ecf0c2e0fc010c4c2b9676ffa34d12b.jpeg
အနုပညာရှင်များ

 ၂၂-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ရုတ်တရက်ဆေးရုံကိုရောက်သွားခဲ့ရတဲ့ သူမရဲ့လက်ရှိကျန်းမာရေးအခြေအနေကို ဖွင့်ဟလာတဲ့ သရုပ်ဆောင်ခင်သဇင်

ရုပ်ရှင်သရုပ်ဆောင်ခင်သဇင်ကတော့ အနုပညာနယ်ပယ်မှာ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုနဲ့ လျှောက်လှမ်းနေခဲ့တာဖြစ်ပါတယ်။လက်ရှိအခြေအနေမှာလည်း သူမကပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပြီး လိုအပ်တာလေးတွေကိုလည်း တတ်နိုင်သလောက်လှူဒါန်းနေတာဖြစ်ပါတယ်။မနေ့ကဆိုရင်တော့ ခင်သဇင်လည်း အစာအိမ်ရောဂါနဲ့ ဆေးရုံကိုအရေးပေါ်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။ 

Photo Credit:Khin Thazin’s Fb acc
Photo Credit:Khin Thazin’s Fb acc
Photo Credit:Khin Thazin’s Fb acc
Photo Credit:Khin Thazin’s Fb acc

ခင်သဇင်က အားကစားပုံမှန်လုပ်ဆောင်တဲ့သူတစ်ဦးဖြစ်ပေမယ့် အစာအိမ်ရောဂါကိုတော့ ငယ်ငယ်ကတည်းကခံစားလာခဲ့ရတာဖြစ်ပါတယ်။အစာအိမ်ရောဂါနဲ့လည်း ဆေးရုံကို မကြာခဏရောက်နေရတော့ သူမအတွက် ရိုးနေတာဖြစ်ပါတယ်။သူမကတော့ အစာအိမ်ရောဂါကြောင့်ပဲ "ဘဝမှာလိုချင်ရဲ့နဲ့ စွန့်လွှတ်လိုက်ရတာတွေ" ကိုကြုံခဲ့ရတာပဲဖြစ်ပါတယ်။ဒါ့ကြောင့် သူမက ချစ်ပရိသတ်တွေကို ဒီလိုမျိုးနာတာရှည်ရောဂါအဖြစ်မခံကြဖို့ မေတ္တာနဲ့မှာကြားလာတာပဲဖြစ်ပါတယ်။

Photo Credit:Khin Thazin’s Fb acc
Photo Credit:Khin Thazin’s Fb acc
Photo Credit:Khin Thazin’s Fb acc
Photo Credit:Khin Thazin’s Fb acc

ဒီကာလကြီးမှာ လူတိုင်းနီးပါး စိတ်ဆင်းရဲ၊စိတ်ဓာတ်ကျတာတွေနဲ့ ရင်ဆိုင်နေရပေမယ့် ကျန်းမာရေးအထူးဂရုစိုက်ကြဖို့လိုအပ်ပါတယ်။ပရိသတ်တွေကလည်း "မြန်မြန်သက်သာလာပါစေ" လို့ ခင်သဇင်အတွက် ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။သူမကတော့ စိတ်ပူပေးကြတဲ့သူတွေအကုန်လုံးကို ကျေးဇူးတင်နေပြီး အမြန်နေကောင်းအောင်ကြိုးစားပါမယ်လို့ ရေးသားထားတာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Khin Thazin’s Fb acc
Photo Credit:Khin Thazin’s Fb acc
Photo Credit:Khin Thazin’s Fb acc
Photo Credit:Khin Thazin’s Fb acc

Source&Photo Credit:Khin Thazin’s Fb acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T