အိုင်းစတိုင်းနဲ့ စတီဗင်ဟော့ကင်းတို့ရဲ့ IQ ထက်တောင် မြင့်မားတဲ့ ကမ္ဘာကျော် အနုပညာရှင်

//s9.kh1.co/66/66473ad2ad831238d2355f8c69c60e734c61c170.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

လူတစ်ယောက်ရဲ့ IQ ကိုတိုင်းတာရာမှာ တူညီတဲ့ စမ်းသပ်ချက်နဲ့တောင်မှ နေရာဒေသတွေအပေါ်မူတည်ပြီး ကွဲပြားကြတာတွေရှိပါတယ်။ US မှာဆို သာမန်လူတစ်ယောက်ရဲ့ IQ ဟာ ၈၅ နဲ့ ၁၁၅ ကြားရှိပါတယ်။ သာမှန် IQ ၁၀၀ အထက်ရှိတဲ့တခြားနိုင်ငံတွေကတော့ Hong Kong (108)၊ Singapore (108), South Korea (106), China (105), Japan (105), Taiwan (105), Iceland (101), Macau (101), Switzerland (101) နဲ့ Austria (100) တို့ပဲဖြစ်ပါတယ်။ အနိမ်ဆုံး IQ တွေရှိတဲ့ နိုင်ငံကတော့ Kenya (72), Zimbabwe (72), Botswana (71), Ghana (71), Zambia (71), Nigeria (69), Swaziland (68), Lesotho (67), Mozambique (64) နဲ့ Malawi (60) တို့ပဲဖြစ်ပါတယ်။ ဒါကြောင့်အနုပညာရှင်တွေထဲမှာရော IQ ၁၀၀ အထက်ရှိတဲ့သူတွေကို ကြည့်လိုက်ရအောင်။

Arnold Schwarzenegger

https://s9.kh1.co/__image/w=480,h=351,q=100/51/517daf69ddc995e88a3a8febe9bbf763680a5bff.jpg

အာနိုးကတော့ မိဘတွေခေတ်ထဲက နာမည်ကြီးကျော်ကြားတဲ့ ၀ါရင့်မင်းသားကြီးမို့ မသိသူရှားပါတယ်။ သူဟာ မင်းသားတင်မက Body Builder တစ်ယောက်လည်း ဖြစ်ပါသေးတယ်။သူဟာ လိင်တူလက်ထပ်မှုကိုဆန့်ကျင်သူတစ်ယောက်လည်း ဖြစ်ပြန်ပါသေးတယ်။ ယုံဖို့တောင်ခက်ခဲမယ်ဆိုပေမယ့်လည်း သူဟာ IQ 135 ရှိတာမို့ ဉာဏ်ရည်မြင့်မားသူတစ်ယောက်ဆိုတာ ငြင်းလို့မရပါဘူး။

Natalie Portman

https://s9.kh1.co/__image/w=650,h=419,q=100/6a/6a74dceff58356714eccd304346fcfa5ff23eb4c.jpg

မင်းသမီး နာတလီပို့ရှ်မန်း ဟာ ကြည့်လိုက်ရုံနဲ့ ယုံကြည်မှုရှိရှိ Smart ကျစွာလှပနေတဲ့သူပါ။ IQ 140 ရှိသူမို့ လှပရုံတင်မက ဉာဏ်ထက်မြက်လွန်းတဲ့မင်းသမီးတစ်ဦးပါပဲ။ သူမဟာ Harvard တက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့သူဖြစ်ပြီး ဘာသာစကား ၆ မျိုးကျော် တတ်ကျွမ်းသူလည်း ဖြစ်ပါတယ်။

Shakira

https://s9.kh1.co/__image/w=650,h=650,q=100/bf/bf3c03fe00b48dafa7cdd6cbeffb82cea36b47f8.jpg

ရှာကီရာ ဆိုတာနဲ့ Waka Waka သီချင်းကို မျက်လုံးထဲ တန်းမြင်လိုက်ကြမှာပါ။ အဲဒီ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးဟာ တကယ့်ကို ပါရမီရှင်ပါဆိုရင် ယုံနိုင်ပါ့မလား ။ သူမဟာ IQ 140 ရှိသူပါ။

Madonna

https://s9.kh1.co/__image/w=650,h=954,q=100/64/640806574292a81d02e0499ca02316ac6ec51a37.jpg

ဂီတဘုရင်မ မက်ဒေါနားဟာလဲ IQ မြင့်မားသူစာရင်းထဲအပါအဝင်ပါပဲ။ သို့သော်လည်း မက်ဒေါနားရဲ့ ကျော်ကြားမှုဟာ သူမရဲ့ ဉာဏ်ရည်ကြောင့်‌ေတာ့ မဟုတ်ခဲ့ပါဘူး။ သင်တို့သတိမထားမိတဲ့ အကြောင်းက မက်ဒေါနားဟာ IQ 140 ရှိတဲ့ဉာဏ်ကောင်းသူတစ်ယောက်လည်း ဖြစ်နေပါတယ်။

Ke$ha

https://s9.kh1.co/__image/w=650,h=488,q=100/ee/eec944e1b398d8b6f8976bf937f30a367108f177.jpeg

အဆိုတော်ကီရှာကလဲခေသူတော့မဟုတ်ပါဘူး။ IQ 140 တောင်ရှိပါတယ်တဲ့။

Steve Martin

https://s9.kh1.co/__image/w=650,h=974,q=100/79/79460c168e7f51e43759ee82974dd8407b8124e9.jpg

လူတွေကိုရယ်အောင်လုပ်နိုင်ဖို့ဆိုတာ တကယ်တမ်းတော့မလွယ်ကူလှပါဘူး။ တကယ့်ဟာသတွေကိုဖော်ထုတ်နိုင်ဖို့ နောက်ကွယ်မှာ ဟာသဉာဏ်ရှိဖို့ ဖြတ်ထိုးဉာဏ်ကောင်းဖို့ လူတွေရဲ့ စိတ်ကိုသိနိုင်ဖို့လည်း လိုအပ်ပါတယ် ။ အဲဒီအရာတွေနဲ့ပြည့်စုံသူက Steve Martin ပါပဲ။ ဖျော်ဖြေရေး Company တစ်ခုအတွက် အလုပ်မလုပ်ခင်က သူဟာ UCLA မှာစိတ်ပညာရပ်ကိုသင်ယူခဲ့သူပါ။ သူရဲ့ IQ ကတော့ 142 ရှိပါတယ်။

Rowan Atkinson

https://s9.kh1.co/__image/w=650,h=650,q=100/f4/f43d8c32bbba675deec63889c697ae50b793d7a4.jpg

Rowan Atkinson ဆိုတာ သင်တို့အရမ်းကိုရင်းနှီးနေတဲ့သူပါ။ Mr.Bean လို့ပြောလိုက်ရင် သွားမြင်ယောင်မယ့် ထူးခြားတဲ့သရုပ်ဆောင်မှုတွေနဲ့ လူတွေကိုရယ်အောင်ဖန်တီးပေးသူပါ။ သူ့ရဲ့ ပြင်ပဘဝကတော့ သူသရုပ်ဆောင်တဲ့ဇာတ်ကားထဲကနဲ့ ဆန့်ကျင်ဘက်ပါပဲ။ တည်တည်ကြည်ကြည်နေတတ်သူဖြစ်ပြီး အင်ဂျင်နီယာဘွဲ့ကို New Castle University ကရရှိထားတဲ့အပြင် နာမည်ကြီး အောက်စဖို့ The Queen’s College ကနေလည်း မာစတာဘွဲ့ကို ရရှိခဲ့ပါတယ်။ အိုင်းစတိုင်းနဲ့ စတီဗင်ဟော့ကင်းရဲ့ IQ level က 160 ပါ။ ပရိတ်သတ်အချစ်တော် Mr.Bean ရဲ့ IQ ကတော့ 178 တောင်ရှိပါတယ်တဲ့။ နာမည်ကျော် ဉာဏ်ကြီးရှင်တွေထက်တောင်များပြားနေသေးတဲ့ IQ ပါ။

https://s9.kh1.co/__image/w=650,h=962,q=100/4b/4b99f21ac7f3b8e4b44a8bf449602d309da3f9b9.jpg

သတင်း အရင်းအမြစ်Hollywood

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T