ကဝမြို့နယ်ရှိ Mytel တာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်လာတဲ့ ပဲခူးလွတ်မြောက်ရေး တပ်မတော် B.L.A ရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/5a/5a10b66aef122e03bc594730111d28667e32582e.jpg
နေ့စဉ်သတင်းများ

 ၂၁-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ကဝမြို့နယ်ရှိ Mytel တာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်လာတဲ့ ပဲခူးလွတ်မြောက်ရေး တပ်မတော် B.L.A ရဲ့ဗီဒီယိုဖိုင်

ယခုလက်ရှိမှာဆိုရင် မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ အာဏာရှင်တွေရဲ့စီးပွားရေးထောက်တိုင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖောက်ခွဲရေးတွေပြုလုပ်နေကြတာ ဖြစ်ပါတယ် ။ အထူးသဖြင့် အာဏာရှင်လူတစ်စုပိုင်ဆိုင်တဲ့ Mytel ဆက်သွယ်ရေးတာဝါတိုင်တွေကို အဓိကပစ်မှတ်ထားပြီး ဖောက်ခွဲနေကြတာလည်း တွေ့ရပါတယ်။ မနေ့ကလည်း ကဝမြို့နယ်မှာရှိတဲ့ Mytel တာဝါတိုင်တစ်ခုကို B.L.A အဖွဲ့က ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-"ပဲခူးလွတ်မြောက်ရေးတပ်မတော်- BLA" FB Page
Photo Credit-"ပဲခူးလွတ်မြောက်ရေးတပ်မတော်- BLA" FB Page
Photo Credit-"ပဲခူးလွတ်မြောက်ရေးတပ်မတော် -BLA" FB Page
Photo Credit-"ပဲခူးလွတ်မြောက်ရေးတပ်မတော် -BLA" FB Page

စက်တင်ဘာလ (၂၀) ရက်နေ့၊ ည(၁၀)နာရီခွဲအချိန်ခန့်မှာ ကဝမြို့နယ်၊ အဒူးကျေးရွာရှိ Mytel ဆက်သွယ်ရေးတာဝါတိုင်ကို ပဲခူးလွတ်မြောက်ရေးတပ်မတော် B.L.Aက ဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဖောက်ခွဲရေး ပြုလုပ်ပြီးနောက် မီးလောင်ပျက်စီးသွားတဲ့ တာဝါတိုင်ရဲ့အခြေအနေကိုလည်း ဗီဒီယိုရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။ ဗီဒီယိုမှတ်တမ်းမှာတော့ ပဲခူးလွတ်မြောက်ရေးတပ်မတော် BLA မှ Mytel တာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့ပုံကို ပြသထားတာ ဖြစ်ပါတယ် ။

Photo Credit-"ပဲခူးလွတ်မြောက်ရေးတပ်မတော်- BLA" FB Page
Photo Credit-"ပဲခူးလွတ်မြောက်ရေးတပ်မတော်- BLA" FB Page
Photo Credit-"ပဲခူးလွတ်မြောက်ရေးတပ်မတော် -BLA" FB Page
Photo Credit-"ပဲခူးလွတ်မြောက်ရေးတပ်မတော် -BLA" FB Page

ပဲခူးလွတ်မြောက်ရေးတပ်မတော်အနေဖြင့် အာဏာရှင်နဲ့အပေါင်းအပါတွေကို တိုက်ခိုက်ခြင်းသာဖြစ်ပြီး အခုကိစ္စကြောင့် ပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်သွားပါက အနူးအညွတ် တောင်းပန်ကြောင်း ပြောကြားခဲ့တာလည်း ဖြစ်ပါတယ် ။ Mytel ဆက်သွယ်ရေး တာဝါတိုင်တွေနားမှာ လုံခြုံရေးတိုးမြှင့်ထားတဲ့ကြားကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလည်း စွန့်စွန့်စားစား သွားရောက်ပြီး ဖောက်ခွဲရေးပြုလုပ်နေကြတာ ဖြစ်ပါတယ် ။ မနေ့ညက ကဝမြို့နယ်၊ အဒူးကျေးရွာရှိ Mytel တာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ BLA ရဲ့ဗီဒီယိုဖိုင်ကို ဖော်ပြပေးလိုက်ရပါတယ်။

Source & Video Credit-"ပဲခူးလွတ်မြောက်ရေးတပ်မတော်- BLA" FB Page

Photo Credit-"ပဲခူးလွတ်မြောက်ရေးတပ်မတော်- BLA" FB Page
Photo Credit-"ပဲခူးလွတ်မြောက်ရေးတပ်မတော်- BLA" FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T