တော်လှန်ရေးတိုက်ပွဲကြီးမှာ လူငယ်တွေဟာ စွန့်လွှတ်စွန့်စားမှုတွေနဲ့ အရေးတော်ပုံကြီးအောင်မြင်ဖို့အတွက် ရှေ့ဆုံးကနေ အပင်ပန်းဆုံးဦးဆောင်ပါဝင်နေကြတာပဲ ဖြစ်ပါတယ်။ အသက်နဲ့ခန္ဓာကိုယ်ကို စတေးထားပြီး ပိုင်သမျှကိုစွန့်လွှတ်ကာ မိဝေးဖဝေးနဲ့ တောတောင်အန္တရာယ်တွေကြား အစွမ်းကုန်ကြိုးစားပါဝင်နေကြတာလည်း ဖြစ်ပါတယ်။
ပြည်သူတွေနဲ့ အနာဂတ်တွေအတွက် တောထဲမှာ အခက်အခဲတွေများစွာရှိနေပေမယ့် ပျော်အောင်ရှာကြံနေပြီး ကြိုးစားတိုက်ပွဲဝင်နေပေမယ့် ဝေဖန်တိုက်ခိုက်သူတွေကြောင့် စိတ်မကောင်းဖြစ်ကြရတွေကိုလည်း PDF လူငယ်လေးက ဖွင့်ဟပြောပြလာပါတယ်။ ရှေ့တန်းမထွက်ရသေးတဲ့ အချိန်တွေမှာလည်း ကိုယ့်စခန်း ကိုယ့် local PDF တွေ CDM တွေ STF တွေ အခြားစခန်းတွေကို လူနာတွေ မိတ်ဆွေတွေ ပေးတဲ့မုန့်ဖိုးနဲ့ အချင်းချင်းထောက်ပံ့ပေးနေကြတာလည်း ရှိနေကြပါတယ်။
တခါတလေ ပန်းကန်နဲ့ စားရပေမယ့် တခါတလေ ဝက်စာခွက်အရွက်တွေရှိတဲ့ ခွက်တွေပေါ် တင်စားခဲ့ရတာတွေလည်းရှိပြီး အခြားသောအခက်အခဲတွေ ရှိနေကြတာ ဖြစ်ပါတယ်။ တော်လှန်ရေးတိုက်ပွဲကြီးမှာ တတ်နိုင်သလောက်အကောင်းဆုံးလုပ်ပေးပြီး အတတ်နိုင်စွမ်းကြိုးစားခဲ့ပေမယ့် ကိုယ်လွတ်ရုန်းပြီး ထွက်မသွားနိုင်တဲ့အပြင် ကျဆုံးသွားကြတဲ့ ညီနောင်တွေအတွက် သွေးကြွေးတွေကိုလည်း ပြန်တောင်းမယ့်အကြောင်းလည်း ပြောပြထားပါသေးတယ်။
သတင်း အရင်းအမြစ်៖ Pyae Phyo Min's Fb Acc