မြန်မာနိုင်ငံအတွင်း တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး ပြည်သူတွေအများစုမှာ အသက်အန္တရာယ်တွေကြောင့် နေရပ်ဒေသတွေစွန့်ခွာကာ စစ်ရှောင်နေကြရတာ တွေ့ရပါတယ်။ တောင်ပေါ်ဒေသပြည်သူတွေမှာ တိုက်ပွဲနဲ့ အကြမ်းဖက်မှုဒဏ်တွေကို အများဆုံးရင်ဆိုင်ကြုံတွေ့နေရပြီး အခက်အခဲများစွာနဲ့ အသက်လုရှောင်ပြေးနေကြရတာ ဖြစ်ပါတယ်။
အသက်အိုးအိမ်စည်းစိမ်တွေကို စွန့်လွှတ်ပြီး ဘေးလွှတ်ရာ ပြေးလွှားရှောင်တိမ်းနေကြရတဲ့အထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်လေးတွေလည်း အပါအဝင်ပါပဲ။တောထဲတောင်ထဲ စစ်ရှောင်နေကြရသလို နယ်စပ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာလည်း မြန်မာပြည်သူတွေစစ်ရှောင်ဒုက္ခသည်တွေအဖြစ် ရောက်ရှိနေကြတာလည်း စိတ်မကောင်းစွာ တွေ့ရပါတယ်။
အိန္ဒိယနိုင်ငံ Mizoram ပြည်နယ်မှာ မြန်မာပြည်မှ စစ်ဘေးဒုက္ခသည်များရောက်ရှိနေကြပြီး ဒုက္ခသည်ကလေးများ ပညာသင်ကြားရေးအတွက်လည်း Mizoram ပြည်နယ်အစိုးရမှ အတတ်နိုင်ဆုံး ကူညီသွားမယ်လို့လည်း သိရပါတယ်။ စစ်ရှောင်နေကြရတာကြောင့် အနေဆင်းရဲ အစားဆင်းရဲကာ အခက်အခဲတွေများစွာ ကြုံတွေ့နေကြရတာလည်း တွေ့ရပါတယ်။
သတင်း အရင်းအမြစ်៖ Mizo Special Report