သူမရဲ့ ဂေဟာအတွက် ထိုင်းနိုင်ငံ သံအမတ်ကြီးမှ အလှူငွေ ကျပ်သိန်း (၂၀) လာရောက် လှူဒါန်းတာကြောင့် ဝမ်းသာပီတိဖြစ်နေတဲ့ ခိုင်နှင်းဝေ

//s9.kh1.co/87/87af52b090f680e51e179d57435b4a8d9aa9c24f.jpeg
အနုပညာရှင်များ

 ၂၁-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.....

သရုပ်ဆောင်ခိုင်နှင်းဝေကတော့ လက်ရှိအခြေအနေမှာ ပရဟိတအလုပ်တွေကို မလစ်ဟင်းစေဘဲ ပြည်သူတွေအတွက် အင်တိုက်အားတိုက် ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ဒါ့အပြင် သူမရဲ့ ရင်သွေးလေးများဂေဟာက ကလေးငယ်လေးတွေကိုလည်း လိုလေသေးမရှိအောင် ဂရုစိုက်စောင့်ရှောက်ပေးနေတာကိုလည်း လေးစားစွာ တွေ့ရပါတယ်။

Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page

ဒီလို ပရဟိတအလုပ်တွေကို တတ်နိုင်သရွေ့ လုပ်ကိုင်နေသူဖြစ်ကာ သူမရဲ့ပရဟိတ အဖွဲ့အစည်းကိုလည်း အလှူငွေများ လာရောက်လှူဒါန်းကြတဲ့ သူတွေလည်း အများအပြားရှိပါတယ်။ အခုလည်း ထိုင်းနိုင်ငံ သံအမတ်ကြီး Mrs. Suphatra Srimaitreephithak က ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာအတွက် အလှူငွေ ကျပ်သိန်း (၂၀) နဲ့ လက်ဆောင်များကို လာရောက်လှူဒါန်းခဲ့တာတွေ့ရပါတယ် ။

Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page

သူကိုယ်တိုင် ဂေဟာကို လာရောက်ခဲ့ပြီး ကလေးငယ်လေးတွေနဲ့လည်း နီးနီးကပ်ကပ်နေကာ အမှတ်တရပုံလေးတွေရိုက်ခဲ့တာကိုလည်း တွေ့ရပါတယ် ။ အလှူလက်ခံရရှိတဲ့ ပုံတွေနဲ့ အတူ " ထိုင်းနိုင်ငံ သံ အမတ်ကြီး Mrs. Suphatra Srimaitreephithak မှ ကလေးတွေ အတွက် မေတ္တာလက်ဆောင်များ (တန်ဘိုးငွေ ကျပ် သိန်း ၂၀ ခန့်) ကို လာရောက် လှူဒါန်းပေးပါတယ်ရှင်...လိုအပ်တာများ အတွက် ဆက်သွယ်ရန် ပြောပြီး အားပေးစကားများ ပြောကြားပေးသွားတဲ့ အတွက်လဲ ကျေးဇူးအထူး တင်ရှိပါတယ်..ကလေးတွေကို ချစ်ပေးကြတဲ့ အတွက်လဲ ပီတိဖြစ်ရပါတယ်ရှင်.." လို့ရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page
Source & Photo Credit : Khine Hnin Wai Facebook Page 
Source & Photo Credit : Khine Hnin Wai Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T