နှစ်ပေါင်းများစွာကြာအောင် ပြည်သူတွေရဲ့မေတ္တာငတ်ခဲ့ရာကနေ မကြုံစဖူးအကြုံထူးတဲ့ အခြေအနေတွေဖြစ်လာလို့ အံ့သြပီတိဖြစ်နေတဲ့ KIAဂေါ်ရခါးရဲဘော်များ

//s9.kh1.co/ba/bac7b0b964ac9855ffef98625d01595edc05163e.jpg
နေ့စဉ်သတင်းများ

 ၂၁-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

နှစ်ပေါင်းများစွာကြာအောင် ပြည်သူတွေရဲ့မေတ္တာငတ်ခဲ့ရာကနေ မကြုံစဖူးအကြုံထူးတဲ့ အခြေအနေတွေဖြစ်လာလို့ အံ့သြပီတိဖြစ်နေတဲ့ KIAဂေါ်ရခါးရဲဘော်များ

KIA ဂေါ်ရခါးရဲဘော်တွေကလည်း နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ပြီး တိုင်းပြည်အပေါ် တာဝန်ကျေပွန်နေကြတာ ဖြစ်ပါတယ် ။ အခုလည်း Kachin Gorkha Force က လူငယ်တစ်ဦးက သူတို့အနေနဲ့ လက်ရှိမှာကြုံတွေ့နေရတဲ့ အခြေအနေကို ပြောပြထားတာ တွေ့ရပါတယ်။ နှစ်ပေါင်းများစွာကြာအောင် ဂေါ်ရခါးမိဘပြည်သူတွေရဲ့မေတ္တာငတ်ခဲ့ရာကနေ ယခုတစ်ခါ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေဆီကနေ ဂရုစိုက်မှုတွေ ပြန်လည်ရရှိလာကြောင်း ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Myat Nway Oo's FB Acc
Photo Credit-Myat Nway Oo's FB Acc

ဂေါ်ရခါးမိဘပြည်သူတွေက သူတို့လို KIA ဂေါ်ရခါးရဲဘော်တွေအပေါ် အရင်ကထက်ပိုပြီး သတိတရ ဂရုစိုက်လာတဲ့အကြောင်း ပြောပြထားတာ ဖြစ်ပါတယ် ။ Facebook လူမှုကွန်ယက်စာမျက်နှာကနေ ကေအိုင်အေ ဂေါ်ရခါးရဲဘော်တွေအတွက် ဆုတောင်းပေးသံတွေက သူတို့အတွက်တော့ မကြုံစဖူး အကြုံထူးဖြစ်ရလို့ အံ့သြပီတိ ဖြစ်မိကြောင်းဝန်ခံခဲ့တာလည်း ဖြစ်ပါတယ် ။ အခုဆိုရင် မြန်မာပြည်သူတွေနဲ့ ဂေါ်ရခါးလူထုရဲ့စေတနာတွေကြောင့် KIA ဂေါ်ရခါးရဲဘော်တွေအတွက် ရှေ့တန်းစစ်မြေပြင်တွေမှာ ရောက်လာတဲ့ရိက္ခာတွေက အရင်နှစ်တွေကထက် အနည်းငယ်စိုပြေလာခဲ့ပြီ ဖြစ်ပါတယ် ။

Photo Credit-Myat Nway Oo's FB Acc
Photo Credit-Myat Nway Oo's FB Acc

ဒါ့အပြင် ပုံမှန်ပံ့ပိုးနေကျ ကချင်လူထုရဲ့ ဆေးဝါးရိက္ခာများထက် အနည်းငယ်အမယ်စုံလာပြီဖြစ်လို့ ရဲဘော်တွေက ဝမ်းသာပီတိဖြစ်နေကြတာ ဖြစ်ပါတယ် ။ ဒါကြောင့် "တစ်လုပ်စားဖူး သူ့ကျေးဇူးဆိုသည့်အတိုင်း ကျေးဇူးရှင်ပြည်သူများကို စောင့်ရှောက်သွားမယ့် ပြည်သူများရဲ့ရင်ဝယ်သားကောင်းရတနာများ ဖြစ်ရမည်ဟု ခံယူကြောင်း၊ တစ်မြေတည်းနေ တစ်ရေတည်းသောက် သွေးချင်းညီအစ်ကိုများအဖြစ် နွေးထွေးစွာ ခံယူကြောင်း၊ ပြည်မတောင်တန်း တွဲလက်များက ခိုင်ခိုင်မာမာ ဆက်တွဲထားကြမယ်ဆိုရင် အာဏာရှင်များရဲ့ဆုပ်ကိုင်ထားမူများက တဖြည်းဖြည်းချင်း လက်လွတ်ရပြီး ပြည်သူတွေလိုချင်တဲ့ပန်းတိုင်ကို ရောက်ပါမယ်လို့ယုံကြည်ကြောင်း"စသည်ဖြင့် Kachin Gorkha Force ဘက်ကနေ ပြည်သူတွေကို ကျေးဇူးတင်စကားနဲ့အတူ အသိပေးပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။

Source & Photo Credit-Myat Nway Oo's FB Acc

Photo Credit-Myat Nway Oo's FB Acc
Photo Credit-Myat Nway Oo's FB Acc
Photo Credit-Myat Nway Oo's FB Acc
Photo Credit-Myat Nway Oo's FB Acc
Photo Credit-Myat Nway Oo's FB Acc
Photo Credit-Myat Nway Oo's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T