မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကုန်တိုက်အတွင်းထဲအထိ ရေတွေကာရေကြီးရေလျှံမှုတွေဖြစ်နေတဲ့ နေပြည်တော်

//s9.kh1.co/2c/2ccd5d172dd3b04327b392a23c0de09d54ea4649.jpeg
နေ့စဉ်သတင်းများ

 ၂၁-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ(၂၀)ရက်နေ့က နေပြည်တော်မှာ ကုန်တိုက်အတွင်းထဲအထိ ရေတွေဝင်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်မှာရှိတဲ့  Ocean Supermarket ကုန်တိုက်အတွင်း ရေများဝင်ရောက်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

Photo Credit - Origunal Uploader
Photo Credit - Origunal Uploader

လမ်းမပေါ်ရေကြီးမှုတွေရှိခဲ့တဲ့အပြင် ကုန်တိုက်တွေထဲအထိ ရေဝင်မှုတွေကြောင့် ဈေးဆိုင်တွေ အခက်ကြုံခဲ့ကြရပါတယ်။ ကုန်တိုက်အတွင်း ရေဝင်မှုတွေကြောင့် ဥတ္တရခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး သွားရောက်ကူညီဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ 

Photo Credit - Origunal Uploader
Photo Credit - Origunal Uploader

မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် မြဝတီမြို့အပါအဝင် အခြားနေရာဒေသ တော်တော်များများမှာလည်း ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့ပြီး ရေဘေးဒုက္ခသည်တွေလည်း ရှိနေခဲ့ကြပါတယ်။ တချို့ဒေသတွေမှာ အခက်အခဲတွေကြုံတွေ့နေရတဲ့ ရေဘေးသင့်ပြည်သူတွေအတွက်လည်း ပြည်သူတွေကအချင်းချင်း ဖေးမကူညီခဲ့ကြတာလည်း တွေ့ရပါတယ်နော်။ 

Photo Credit - Origunal Uploader
Photo Credit - Origunal Uploader
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T