ပဲခူးရိုးမဖြတ်လေးဖြတ်ကာလတုန်းက ကရင်ပြည်အထိလမ်းလျှောက်ချီတက်ခဲ့တဲ့ အဘိုးနဲ့ စကားလက်ဆုံကျခဲ့တဲ့PDF လူငယ်တစ်ဦး

//s9.kh1.co/59/5952d240fc65c40b41ceafdb87cf47cc65c51660.jpeg
နေ့စဉ်သတင်းများ

 ၂၁-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ပဲခူးရိုးမဖြတ်လေးဖြတ်ကာလတုန်းက ကရင်ပြည်အထိလမ်းလျှောက်ချီတက်ခဲ့တဲ့ အဘိုးနဲ့ စကားလက်ဆုံကျခဲ့တဲ့PDF လူငယ်တစ်ဦး

ပြည်သူတွေအတွက် အသက်ကိုတောင်စွန့်ထားကြတဲ့ PDF ရဲဘော်တွေလည်း နယ်မြေအသီးသီးမှာ ဒုက္ခဆင်းရဲတွေကို တွေ့ကြုံနေရတာပဲဖြစ်ပါတယ်။PDF တွေကို နောက်ကွယ်ကနေ ထောက်ပံ့ကူညီနေကြတဲ့ ပြည်သူတွေကလည်း တတ်နိုင်သလောက်အားဖြည့်ပေးကြပြီး အသက်အန္တရာယ်ဘေးကင်းဖို့အတွက်လည်း ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ PDF ရဲဘော်တစ်ဦးက ပဲခူးရိုးမဖြတ်လေးဖြတ်ကာလ၊ဗမာကွန်မြူနစ်ပါတီကရဲဘော်လေးအောင်နိုင်နဲ့တွေ့ဆုံပြီး စကားလက်ဆုံကျခဲ့ကြတာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

ရဲဘော်လေးအောင်နိုင်က ဗိုလ်နေဝင်းတပ်ရဲ့ ဖြတ်တောက်ပိတ်ဆို့မှုတွေကို ရဲရဲရင့်ရင့်ဖောက်ထွက်ပြီး ကရင်ပြည်အထိလမ်းလျှောက်ချီတက်ခဲ့သူဖြစ်ပါတယ်။အခုချိန်မှာတော့ ရဲဘော်လေးအောင်နိုင်လည်း အသက်အရွယ်ကြီးရင့်နေပြီဖြစ်လို့ အဘိုးအောင်နိုင်လို့တောင်ပြောင်းခေါ်နေရပြီဖြစ်ပါတယ်။အဘိုးက PDF လူငယ်လေးကို "နင်ငါ့ကိုအလေးပြုတိုင်း ရိုးမပေါ်ကရဲဘော်တွေကို လွမ်းလိုက်တာကွယ်"ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

"ဒီတစ်ခါတော့ နိုင်အောင်တိုက်ပေးပါကွယ် အဘဇာတိသာယာဝတီကိုပြန်ပြီး ငါတို့ဖောက်ထွက်ခဲ့တဲ့ ရိုးမကြီးပေါ်တက်...ငါ့ရဲဘော်တွေကို သတိတရနဲ့ အလေးပြုချင်လို့ " ဆိုပြီးတော့လည်း PDF ရဲဘော်ကို တောင်းဆိုခဲ့သေးတာဖြစ်ပါတယ်။မျှော်လင့်ချက်တွေပြည့်ဝနေတဲ့အဘိုးရဲ့မျက်လုံးအိမ်ကိုကြည့်ပြီး PDF ရဲဘော်လေးလည်း အလေးပြုကာနှုတ်ဆက်ပြန်လာခဲ့တာဖြစ်ပါတယ်။PDF လူငယ်တွေလည်း ပြည်သူအားလုံးရဲ့မျှော်လင့်ချက်တွေပြည့်ဝဖို့အတွက် အစွမ်းကုန်ကြိုးစားနေကြကြောင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

Source&Photo Credit:Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T