တတိယလှိုင်း အနေနဲ့ တစ်ကျော့ ပြန်လည် ရောက်ရှိလာတဲ့ ကိုဗစ်ရောဂါကြောင့် ပြည်သူတွေရဲ့ အသက်တွေ များစွာ ဆုံးရှုံးခဲ့ရပါတယ် ။ တစ်နေ့ကို သေဆုံးသူ ရာကျော် ထောင်ကျော်အထိ ရှိခဲ့ပြီး သင်္ဂြိုလ်ဖို့ကိုတောင် တုံကင် နံပါတ်တွေနဲ့ ထိုင်စောင့်ခဲ့ရသလို တစ်ချို့ အလောင်းတွေဆိုလည်း သင်္ဂြိုလ်လို့ မပီးတာကြောင့် စုထားရတာတွေအထိ အခြေအနေတွေ ဆိုးခဲ့ပါတယ် ။
အခုတော့ အရင်ထက် သေဆုံးသူတွေ လျော့နည်းလာတာကို တွေ့ရပါတယ် ။ မနေ့ကဆိုရင်လည်း ပေါင်းတည်မြို့မှာ ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားတဲ့ ခင်ပွန်းရဲ့ ရုပ်အလောင်းကို အနီးကပ်တောင် နှုတ်ဆက်ခွင့် မရဘဲ Q စင်တာအရှေ့နေပဲ ကန်တော့နေရရှာတဲ့ ဇနီးသည်ရဲ့ စိတ်မကောင်းစရာ ပုံရိပ်တွေကို လူမှုကွန်ရက် စာမျက်နှာ ထက်မှာ တွေ့ရပါတယ် ။
သေဆုံးသူ အမျိုးသားရဲ့ ဇနီးဖြစ်သူကလည်း Quarantine ဝင်နေရတယ်လို့ သိရပါတယ် ။ ခင်ပွန်းဖြစ်သူသေဆုံးသွားပြီဆိုတဲ့ သတင်းကို ကြားခဲ့ရတာကြောင့် သူမလည်း နောက်ဆုံးအနေနဲ့ Quarantine စင်တာရှေ့ကနေ ခင်ပွန်းသည်ရဲ့ ရုပ်အလောင်းကို ကန်တော့ခဲ့ရပြီး နိဗ္ဗာန်ယာဉ်မောင်းသူတွေကလည်း ကန်တော့လို့ရအောင် ကားကိုဖြည်းဖြည်းလေးမောင်းပေးခဲ့တာကို တွေ့ရပါတယ်။ တကယ်ကို ရင်နင့်စရာ ဖြစ်ရပ်တွေပါပဲ ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို ဝေမျှပေးရင်း ကိုဗစ်ရောဂါ ကပ်ဆိုးကြီးကနေ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။