လတ်တလော မြို့နယ်တချို့တွေမှာ အာဏာရှင်လူတစ်စုရဲ့ လက်အောက်ခံ စီးပွားရေးတစ်ခုဖြစ်တဲ့ ဆက်သွယ်ရေး Mytel တာဝါတိုင်များကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဖောက်ခွဲခြင်း ၊ မီးရှို့ဖျက်စီးတာတွေကို လုပ်ဆောင်လာခဲ့ပါတယ်။ ပိုမိုဖြစ်ပွားလာတာကတော့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအတွင်းက Mytel တာဝါတိုင်များကို ဖျက်စီးခဲ့တာ တွေ့လာရပါတယ်။
ဒါ့အပြင် မြို့နယ်ထဲက ကျေးရွာတွေမှာ ထိုးစစ်ဆင်လာတဲ့ အာဏာရှင်လူတစ်စုရဲ့ တပ်တွေနဲ့ မြို့ခံပြည်သူ့ကာကွယ်ရေးတွေအကြား ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါတိုက်ပွဲတွေကြောင့်လည်း ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ခဲ့ရပါတယ်။ယခုမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက Mytel တာဝါတိုင်တချို့ မီးရှို့ဖျက်စီးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။
ဒီတစ်ခါမှာလည်း လုံခြုံရေးတင်းကျပ်စွာ ချထားရာကနေ စတင်ဘာ(၁၉)ရက်နေ့ ညပိုင်းမှာ ကန့်ဘလူမြို့နယ် ကျွန်းပင်ကုန်းရွာမှာရှိတဲ့ Mytel တာဝါတိုင်ကို မိုင်ဖောက်ခွဲဖျက်စီးခဲ့တာ ဖြစ်ပါတယ်။ စစ်ရေးအရ မိုင်းဖောက်ခွဲရေး လုပ်ငန်းစဥ်ကို ကန့်ဘလူ PDF တပ်ဖွဲ့ လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားခဲ့ပါတယ်။ အဆိုပါကျေးရွာမှာ ည (၈) နာရီကျော်ပါက ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး ရွာထဲသူစိမ်းဝင်ပါက ဖမ်းဆီးစစ်ဆေးနေကြောင်း သိရှိရပါတယ်။
သတင်း အရင်းအမြစ်៖ Source - KBDF